[အပိုင်း ၇]
'ဒီယုန်ကိုမြင်လို့ ဒီချုံကိုထွင်ပါတယ်ရယ် စွပ်စွဲ..
လက်တွေ့မယ် မင်းထောင်ချောက်ထဲတိုး၀င်မိသူဟာ
ဉာဏ်နည်းသူ ကိုယ်"X
'အဟွတ် အဟွတ်'
လက်ကိုင်ပုဝါနဲ့ပါးစပ်ကိုအုပ်ကာ ချောင်းဆိုးလိုက်သည့် သူမကို နံဘေးစားပွဲခုံက Seung Wan ဟာ စိတ်ပူသလို
မျက်လုံးတွေနဲ့ကြည့်သည်။သူမ နေမကောင်းပါ။ ရေခဲမုန့်ဆိုင်ကထွက်လာခဲ့ပြီးတော့
အိမ်ကိုတန်းမပြန်ဘဲ တစ်ရပ်ကွက်လုံးအနှံ့စက်ဘီးစီးကာ
ရုတ်တရက်ရွာချတဲ့မိုးနဲ့ တိုးခဲ့တာကြောင့် အဖျားမိခြင်း။
အမေကကျောင်းမသွားဖို့ပြောသော်လည်း ခေါင်းမာပြီး
ကျောင်းလာခဲ့တာဖြစ်သည်။ အခုမှနောင်တတွေရလို့..။သူမခေါင်းကိုက်နေသလို ချောင်းကလည်းအဆက်မပြတ်
ဆိုးနေသေးသည်။ လူကနုံးချိနေပြီး ကျောင်းလာပေမယ့် စာထဲကိုစိတ်မ၀င်စားနိုင်တော့။ ဆရာ၊ ဆရာမတွေက တကယ်နေမကောင်းဖြစ်နေတဲ့သူမကို အိမ်ပြန်ချင်လျှင်
ပြန်ဖို့ခွင့်ပြုထားသော်လည်း မပြန်ဖြစ်။ဒီကြားထဲ ဘာမှန်းမသိတဲ့နာကျင်မှုကလည်း ရင်ဘတ်ထဲ နေရာ၀င်ယူထားသေးသည်။
Seung Wan ကိုကြည့်လိုက်ရင် အရင်နေ့တွေနဲ့မတူဘဲ
ပြုံးပျော်ရွှင်နေတာကို သူမ ခံစားလို့ရနေသည်။ ပုံမှန်ဆို
Seung Wan ပျော်နေတာကိုကြည့်လျှင် သူမပါလိုက်ပြီး
ပျော်လာသလိုခံစားရတတ်ပေမယ့် အခုတော့ဆန့်ကျင်၍
မပျော်နိုင်ဖြစ်နေသည်။ ထိုသို့ Seung Wan ကိုကြည့်ပြီး သူပျော်နေတဲ့အကြောင်းတွေးလိုက်တိုင်း ရင်ဘတ်ထဲ နေရခက်လာတာမျိုးမို့ သူမ Seung Wan ကိုအားနာပြီး မကြည့်ဖြစ်တော့။ မိမိကိုယ်တိုင်လည်း ဒီလိုဖြစ်နေတာ လုံး၀မကြိုက်တဲ့အတွက်ကြောင့် မကြည့်ဖြစ်တာလည်း တစ်စိတ်တစ်ပိုင်းတော့ ပါ၀င်ပါသည်။