[အပိုင်း ၂၃]
ဖန်ပုလင်းထဲ ထည့်သိမ်းထားချင်မိတဲ့ ချစ်ခြင်းမေတ္တာ။X
ကမ္ဘာကြီးက ကိုယ့်ဖြေဖဝါးအောက်မှာပါလားလို့ သိရတဲ့ ခံစားချက်မျိုး ဒါမှမဟုတ်လည်း ကမ္ဘာကြီးကို အပိုင်စားရတဲ့ ခံစားချက်မျိုးကို ခံစားဖူးဖို့တဲ့အတွက် အသက်ကလေး နည်းနည်းလောက်ကြီးမှဖြစ်မယ်လို့ စဉ်းစားခဲ့ဖူးတယ်။ အဲ့အရာတွေက ဆယ်ကျော်သက်တစ်ဦးရဲ့ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အတော်လေး ကြီးကျယ်တာမျိုးလေ။ တစ်ယောက်ယောက်လက်ကို တွဲထားတယ်ဆိုတာထက် တစ်ယောက်ယောက်လက်ကို တွဲထားခွင့်လေးရှိနေတယ် ဆိုတာက သာမန်အထက်တန်းကျောင်းသူတစ်ယောက်ရဲ့ဦးဏှောက်ထဲမှာ တွေးတောသင့်တာမဟုတ်ဘူးမလား။
သူမအနားရှိနေခိုက်မှာ သူ့ရင်ခုန်သံ ဘယ်လိုဖြစ်နေမလဲ။ သိချင်တယ်၊ စိတ်ဝင်စားတယ်။ သူမရဲ့နှလုံးသားကတော့ ရပ်တန့်လို့မရတဲ့ ရထားလေးတစ်စင်းလို..။ တဖြည်းဖြည်း ကြိုးတွေနှောင်ချင်လာတယ်။ ချည်လိုက်တဲ့ကြိုးတွေမှာ ပိုကြီးတဲ့အတ္တတွေ ရောထွေးပါကုန်တယ်။ အရှင်းဆုံးနဲ့ အရိုးသားဆုံး ဝန်ခံပါဆိုရင် ချစ်တယ်။
Seung Wan စာရေးဆရာမကိုချစ်တယ်။ ခဏခဏ ချစ်တယ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားပေမယ့် အခု ခံစားချက်ကမတူဘဲ အဆပေါင်းများစွာ ပိုလေးနက်တယ်။ ဘယ်လောက်ထိ လေးနက်သလဲဆိုရင် ငယ်ငယ်တုန်းက အိပ်မက်တွေကို သမုဒ္ဒရာထဲ ခဲဆွဲပစ်ချပြီး အနာဂါတ်ကို သူနဲ့ပဲဖြတ်သန်းချင်တဲ့အထိ လေးနက်သွားတယ်။ မြန်ပြီး ရူးကြောင်ကြောင်ဆန်နေမယ်ဆိုတာ သေချာပေမယ့်လို့ ပြောခဲ့သလိုပဲ နှောင်မည့်တဲ့ကြိုးမှာ ချစ်ရတဲ့အတ္တတွေ ကပ်ပါသွားပြီကိုး..။
အဲ့ကစပြီး သူမ မျက်လုံးတွေ အမှောင်ကျတာပါပဲ။ တစ်ဖက်က စာရေးဆရာမရဲ့ ခံစားချက်ကို ကိုယ့်စိတ်နဲ့ ထပ်တူယူဆပြီး တစ်ဖက်တည်းတီးလည်း မြည်နိုင်တဲ့ လက်ခုပ်ကလေး လုပ်တော့တာပဲ။
"ဖုန်းတွေခဏခဏလာနေပြီ အိမ်ကဆက်တာဆို? "
ခုံတန်းမှာအတူထိုင်နေတော့ ဖုန်းလာတိုင်းထုတ်ကြည့်တဲ့ စာရေးဆရာမရဲ့ဖုန်းမှာ 'Home' ဆိုတဲ့ contact ကို မြင်နေရတယ်။ Wan သိသလောက် စာရေးဆရာမရဲ့ အိမ်မှာ ဘယ်သူမှမရှိဘူး။