[အပိုင်း ၈]
'တံခါးတစ်ချပ် ဖွင့်ပေးမိတိုင်း ဆူးတစ်ချောင်း ရိုက်သွင်းတတ်သူ'X
"နည်းနည်းလေး mood ပိုသွင်းလိုက်ရင် ပိုကောင်းမှာပါ မင်းသမီး .. ကြိုးစားပေးပါဦး"
ဒါရိုက်တာဖြစ်သူက သက်ပြင်းချပြီး မင်းသမီးဖြစ်သူကို အပြစ်တင်တာလား အားပေးတာလား မသဲကွဲ ။ ရိုက်ကွင်းတစ်ခုလုံးက သက်ဆိုင်ရာ၀န်ထမ်းတွေလည်း အတော်လေးပင်ပန်းနေပြီဖြစ်ကြောင်း မျက်နှာတွေမှာ အထင်းသားပေါ်နေသည်။ ယုတ်စွအဆုံး မင်းသမီးရဲ့ မန်နေဂျာကိုယ်တိုင်တောင် ပင်ပန်းသည့်ဒဏ်နှင့် ခုံမှာအိပ်ပျော်တော့မယ့်ပုံစံ။
ဒါပေမယ့် မင်းသမီးဖြစ်သူကတော့ ဂရုမစိုက်။ ခဏနားဖို့ မိမိနေရာကိုပြန်လာပြီး ဖုန်းသုံးနေလေသည်။ အခုနက အိပ်ငိုက်နေတဲ့မန်နေဂျာလည်း မျက်လုံးကျယ်သွားပြီး ရေဘူးကိုအဆင်သင့်ဖွင့်ရင်း မင်းသမီးလက်ထဲသေချာ ထည့်ပေးလိုက်သည်။
"ဖုန်းပေး"
လက်ထဲကိုဖုန်းရောက်လာတော့ ထိုင်ခုံမှာထိုင်ကာ ဖုန်းသုံးဖို့လုပ်လေသည်။ ဖုန်းမသုံးဘဲ လေ့ကျင်ြပါလားလို့ မန်နေဂျာကပြောချင်ပေမယ့် မင်းသမီးရဲ့မျက်နှာပေး၊ လေသံတွေက ဟန့်တားနေသည်။ သေချာပေါက် မင်းသမီးက မန်နေဂျာထက်ငယ်တာမှန်ပေမယ့် သူ့ကိုဆရာမလုပ်ရဲ ။
ရယ်လိုက်ရင် ချစ်စရာလေးဆိုပေမယ့် တည်ထားပြီဆို တော်တော်လေးကြောက်ဖို့ကောင်းတဲ့ မင်းသမီးမျက်နှာ။ ဒါကိုပင် ပရိတ်သတ်တွေကလည်း သဘောကျတာလို့ ပြောကြသေးသည်။ မန်နေဂျာကတော့ မင်းသမီးအပေါ် သံယောဇဉ်အမျှင်တန်း သေးသေးကလေးရှိပါသည်။ အလုပ်၀င်တာ တစ်နှစ်ခွဲလောက်ပဲကြာသေးပေမယ့် မင်းသမီးစိတ်ရင်းကောင်းတာ မန်နေဂျာသိသည်။ ဒါ့ကြောင့် အနားမှာသည်းခံပြီး ဆက်လုပ်နေတာပေါ့။