Episode - 34

3.5K 453 33
                                    

[အပိုင်း ၃၄]
တဖြည်းဖြည်းချင်း ပြိုလဲပျက်စီး..
နှလုံးသားရော အိမ်မက်ကလေးရော။

X

"Ice Americano တစ်ခွက်နဲ့ Strawberry milkshake တစ်ခွက် "

"ကောင်းပါပြီ လာပို့ပေးပါ့မယ် "

ကောင်တာကအစ်မကိုပြုံးပြပြီး နေရာယူထားတဲ့စားပွဲဆီ Seulgi ပြန်သွားထိုင်တဲ့အခါ Sooyoung ကလည်း ဖုန်းကြည့်နေရင်းက သူမဆီကိုအာရုံစိုက်လာလေသည်။

ပူလွန်းတဲ့နေကိုအံတုထားတဲ့ ဆိုင်ငယ်လေးထဲမှာ နှစ်ယောက်ဆုံကြဖို့ Seulgi အရင်စချိန်းတော့ Sooyoung က မငြင်းခဲ့။ နေ့တစ်နေ့ရဲ့ မနက်ဆယ်နာရီဆိုတာကလည်း ထင်ထားတာထက် ပိုပူလောင်တာအမှန်ပဲ။

"ဘာဖြစ်တာလဲ ရုတ်တရက်ကြီး ငါ့ကိုတွေ့ဖို့တွေဘာတွေ ချိန်းလို့ပါလား "

လာချပေးထားတဲ့ရေကိုသောက်ရင်း Sooyoung က ပြုံးစစနဲ့ပြောလာတော့ သူမလည်းလိုက်ပြုံးမိပေမယ့် ရင်ဘတ်တစ်နေရာရာက လေးပင်နေသလို။

"အလုပ်အားရဲ့လား "

သူမ ပြန်မေးလိုက်တော့ Sooyoung က ခေါင်းငြိမ့်ပြသည်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်အကိုင်နဲ့လူတစ်ယောက်ကို အချိန်ဖြုန်းသလိုဖြစ်နေမိမှာ စိုးရိမ်တဲ့အတွက် မေးလိုက်မိခြင်း။

"သိချင်တာလေးရှိလို့ "

သူမ စကားစလိုက်တုန်းမှာပဲ မှာထားတဲ့ကော်ဖီနဲ့အအေးကို လာချလေသည်။ ကော်ဖီကို သူမရှေ့မှာချပြီး အအေးကိုတော့ Sooyoung ရှေ့မှာချထားတာကြောင့် ခေါင်းတခါခါလုပ်ရင်း Sooyoung က နေရာပြန်ရွှေ့ရသည်။

"ပြောလေ ငါသိရင်ဖြေပေးမယ် "

ကော်ဖီခွက်ကိုကိုင်ရင်း ပိုက်နဲ့တစ်ငုံသောက်ပြီးနောက် Sooyoung ကပြန်ဖြေသည်။ မေးသင့်မမေးသင့်ဆိုတာကို အိမ်မှာလည်း အခေါက်ခေါက်အခါခါ စဉ်းစားပြီးသည့်တိုင် တိကျတဲ့အဖြေထွက်မလာ။

လူတစ်ယောက်ရဲ့အတိတ်ကို ကာယကံရှင်မဟုတ်ဘဲ တခြားသူဆီကနေ တူးဖော်တာက ကောင်းတဲ့အပြုအမူမျိုးမဟုတ်ဘူးလို့ အဖေဆုံးမထားတာကို Seulgi မှတ်မိတယ်။ ဒါပေမယ့် သိချင်စိတ်ပြင်းပြမှုဟာ ရင်ဘတ်ထဲကို တလှိမ့်လှိမ့်တိုးဝင်နေတာမို့ ဘယ်လိုမှမထိန်းချုပ်နိုင်တော့။

PlayWhere stories live. Discover now