[အပိုင်း ၁၆]
နောက်မဆုတ်ချင်ဘူး ရှေ့ဆက်တိုးရမှာကြောက်တယ်။
တခြားကမ္ဘာမှာသာဆို ကြိမ်ဖန်များစွာ မင်းကိုပဲ ကိုယ်..
မျက်စိမှိတ်ပြီး ရွေးချယ်ခဲ့မှာ။X
အဲ့နေ့က မိုးတွေရွာတဲ့ ညနေခင်း။ တိတိကျကျပြောရရင်
မိုးတွေရွာနေတဲ့ အင်္ဂါနေ့ညနေခင်း။ ဒီအမျိုးသမီးကို သူမ
စတွေ့ခဲ့တယ်။ ဒါပဲ.. ဒီလောက်ပဲ။
တစ်ခဏတွေ့ပြီး မေ့ပျောက်သွားမယ်။ တစ်ခဏတွေ့ပြီး
အမည်နာမနဲ့ မျက်နှာအသွင်အပြင်တွေ မေ့သွားမယ်။
ဒီလိုယူဆခဲ့တယ်။ကယ်၍ အဲ့နေ့က သူမကို ထီးမပေးခဲ့ရင်
အခုချိန် ဘာတွေဖြစ်နေမလဲ။ အခုလိုမျိုး ရှုပ်ထွေးမှာလား
ဒါမှမဟုတ်ရင် ဟိုးအရင်ကလိုပဲ အရှုပ်အရှင်းကင်းမလား။ဒီအမျိုးသမီးက အရှုပ်ဆိုရင်တောင် သူမကိုယ်တိုင်
လိုလိုလားလား တိုးဝင်ပွထစေခဲ့တဲ့ အရှုပ်တစ်ခုဖြစ်မယ်။"မင်းဘာတွေကို ထိန်းချုပ်ထားမှန်း တို့ စဉ်းစားမရဘူး
မင်း တို့ကို ကြိုက်နေတယ်ဆိုတာ တို့နှစ်ယောက်လုံး
သိနေတာပဲကို "သူမရဲ့ ကာဗွန်ဒိုက်အောက်ဆိုဒ်ဇုန်ထဲမှာ နီးနီးကပ်ကပ်
ထိုအမျိုးသမီးကနေရင်း တိုးတိုးလေးပြောသည်။"ကျွန်မ ရှင့်ကိုမကြိုက်ဘူး မ Irene "
ဟုတ်တယ် ။ Seulgi သူ့ကို မကြိုက်ဘူး။
ပါးပေါ်က လက်နှစ်ဖက်ကို မဖယ်ပစ်သေး၊ မျက်နှာကို
အနားကနေ မတွန်းပစ်သေး၊ အဝေးဆုံးရောက်အောင်လို့
ခန္ဓာကိုယ်ကို ခွာမပစ်သေးတာကလွဲရင် ဒီအမျိုးသမီးကို
Seulgi မကြိုက်ပါဘူး။"ကလေးဆိုတာ မလိမ်ရဘူး"
လက်တစ်ဖက်ကို ပါးပြင်ပေါ်ကဖယ်၍ ဆိုဖာပေါ်အားပြုရင်း
ထိုအမျိုးသမီးကဆိုသည်။ ကျန်လက်တစ်ဖက်က သူမရဲ့
မျက်ခုံးနှစ်ဖက်ကြားက နေရာလွတ်လေးကို လက်ညှိုးဖြင့်
တည့်တည့်ထိထားသည်။"လိမ်ရင် အနမ်းခံရတတ်တယ်"
မမြင်ပါစေနဲ့ဆုတောင်းရင်း လည်ပင်းကိုဖြတ်ပြီး Seulgi
တံတွေးမြိုချလိုက်မိတယ်။ အသက်ရှူရတာ ခက်ခဲလာပြီး
ဒီအမျိုးသမီးရဲ့အကြည့်ကို တန်ပြန်ကြည့်ဖို့လောက်အထိ
သူမမှာ သတ္တိမလုံလောက်တော့။