[အပိုင်း ၁၅]
မတော်တဆ ရင်ခုန်သံကိုကြားသွားရင် ဘယ်လိုလုပ်ရပါ့?
ဝန်ခံတယ်.. ကိုယ် မင်းကို.. ။X
စာသင်ခန်းတွေ တိတ်ဆိတ်နေတယ်။ ဘောပင်ချသံတွေ၊ ခဲတံချလိုက်သံတွေ၊ ပေတံနဲ့ မျဉ်းပိတ်လိုက်တဲ့အသံတွေနဲ့ အခန်းစောင့် ဆရာ၊ဆရာမတွေ လမ်းလျှောက်တဲ့အသံ ၊ တစ်ခါတစ်လေ ချွဲမကြပ်ဘဲ ချောင်းဆိုးတတ်ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အသံတွေကလွဲလို့ အရင်နေ့တွေကလို မဟုတ်ဘဲ အသံတွေငြိမ်နေတာပေါ့။ ဘာလို့လဲဆိုရင် ပထမနှစ်ဝက် ဖြေနေရပြီမို့လို့ပဲ။ ဒီနေ့က နောက်ဆုံးနေ့ဆိုလည်း မှန်တယ်။
မှန်တဲ့အဖြေကို ခဲသားဘောပင်နဲ့ အဝိုင်းထဲမှာခြယ်ပြီး Seulgi လိုက်ရွေးနေတယ်။ ဘယ်ဘက် မျက်စောင်းထိုး စားပွဲခုံမှာ Seung Wan စာမေးပွဲဖြေနေပြီး သူမရဲ့ အနောက်တစ်ခုံကျော်မှာတော့ Moonbyul ရှိတယ်။
တကယ်တော့ Seulgi စာသိပ်မပိုင်ဘူး။ ကြားထဲမှာ ဖြစ်ပျက်သွားတဲ့ ကိစ္စအမျိုးမျိုးကြောင့် စိတ်တွေရှုပ်ပြီး စာကို သေသေချာချာ မကျက်နိုင်ခဲ့ဘူး။ အဲ့အတွက်ကို နောင်တရတယ်။တကယ်ဆို ဘာတွေပဲဖြစ်နေဖြစ်နေ အထက်တန်းကျောင်းသူအနေနဲ့ စာကိုပဲ ဦးစားပေးခဲ့ရမှာ။
ခေါင်းထဲ ဒီလိုနောင်တလေးတွေရတော့ အောက်ထပ်က အမျိုးသမီးကို အပြစ်တင်ချင်တယ်။
အပုဒ်ကြီးတွေကို အရင်ဖြေခဲ့ပြီးပြီမို့ အချိန်ပြည့်သွားမှာ Seulgi မကြောက်ပါ။ အခုဖြေနေတဲ့ အသေးလေးက ပြီးခါနီးနေပြီ။ ခဲတံကို စိတ်လိုလက်ရ စားပွဲပေါ်ချလိုက်တဲ့ Seung Wan ကို Seulgi မြင်ရတယ်။ နောက်ပြီး သူမ Seung Wan ကို အားကျတယ်။
Seung Wan က စာတော်တယ်။ အသံကောင်းတယ်။ ရုပ်လည်းမဆိုးသလို စိတ်ကောင်းလည်းရှိတယ်။ သူ့မှာ ဗဟုသုတတွေ အများကြီးရှိပြီး ဝါသနာတွေကလည်း အဖိုးတန်တာတွေချည်းပဲ။ သူမ အားအကျဆုံးကတော့ သူချစ်တဲ့သူတွေက သူ့အနားမှာ ရှိနေသေးတာပါပဲ။ သူ့မိဘတွေဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ မဟုတ်ရင် သဘောကျတဲ့ တစ်ယောက်ယောက်ပဲဖြစ်ဖြစ် အနားမှာ ရှိနေကြတယ်၊ ရှိနေပေးကြတယ်။ Seung Wan က သူမထက်စာရင် အများကြီးပိုပြီး သတ္တိလည်းရှိတယ်။