Episode - 42

3.4K 461 80
                                    

[အပိုင်း ၄၂]
မင်းဝင်လာတယ် မင်းထွက်သွားတယ်။
အရင်အတိုင်းဖြစ်သွားပေမယ့် အရင်အတိုင်း ပြန်မဖြစ်တော့ဘူး။

X

ဇာတ်ညွှန်းနဲ့ပါတ်သတ်ပြီး Joohyun နဲ့ ဒါရိုက်တာ စကားပြောတာကို Jennie ကြားနေရတယ်။ မရမက ဖတ်လက်စ စကားလုံးတွေထဲ အာရုံကိုနှစ်သွင်းနေလည်း ဘယ်လိုမှထိန်းမရ။

ဘာတွေဖြစ်ကုန်တာလဲ။ သူ့ဝတၳုကို ဘယ်မင်းသမီးနဲ့ရိုက်မယ်ဆိုတာ Joohyun မသိခဲ့ဘူးလား။ အခု Jennie ဆိုတာသိသွားတော့ သူငြင်းတော့မှာလား။

ခေါင်းထဲမှာ မေးခွန်းတွေချာချာလည်။ ဖတ်နေရာက ဒါရိုက်တာနဲ့စကားပြောနေတဲ့ Joohyun ကိုလှမ်းကြည့်မိတယ်။

သူမတို့နောက်ဆုံးတွေ့ခဲ့တာ ကော်ဖီဆိုင်ထဲမှာ။ ကောင်မလေးတစ်ယောက်က သူ့ချစ်သူပါလို့ပြောပြီး Joohyun ကို Jennie ဆီကနေ အဝေးဆုံးကိုပို့ပစ်လိုက်သေးတယ်။ မဟုတ်ဘူး.. သူ့ကြောင့်ဝေးတာမဟုတ်ဘူး။ ကိုယ့်အပြစ်နဲ့ကိုယ် Joohyun နဲ့ဝေးရတာ။

"ဒါဆို Jennie ကိုမှာစရာများရှိသေးလား "

Joohyun က သူမဘက်ကိုလှည့်လာလေသည်။ သူ့ကိုမြင်ရတာ လူတွေဘယ်တော့မှ မအိုမင်းသွားမယ့် အချိန်ကာလတစ်ခုထဲ ရောက်နေသလိုပဲ။

ဒါပေမယ့်လည်း တစ်ခုခုတော့ပြောင်းလဲသွားတယ်။ ဘယ်အရာက Joohyun ကို ပြောင်းလဲသွားအောင် လုပ်လိုက်ပြန်တာလဲ။ ဒီပြောင်းခြင်းကရော သူမတို့ကို အခုထပ်ပိုဝေးကွာစေမှာလား။

Jennie တွေးပူနေတုန်းမှာပဲ Joohyun နှုတ်ခမ်းပါးတွေ ကွေးညွှတ်လာလေသည်။ ပြုံးပြမယ်လို့ မထင်ထားတာကြောင့် Jennie သတိလက်လွတ်သွားတာအမှန်။

"မရှိပါဘူး Jennie က တကယ်တော်တဲ့ မင်းသမီးတစ်လက်ပဲ သူအကောင်းဆုံးလုပ်နိုင်မှာပါ "

Joohyun က ဒါရိုက်တာကို ပြန်ဖြေတယ်။ အဲ့နောက် သူမဘက်ကိုထပ်လှည့်လာပြီး ပြုံးပြပြန်တယ်။ အသိမိတ်ဆွေကို ပြန်တွေ့သလိုမျိုး၊ သူငယ်ချင်းဟောင်းကို ပြန်မြင်ရသလိုမျိုး။

ပြုံးနေတဲ့သူ့မျက်နှာက အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်။

PlayWhere stories live. Discover now