Episode - 22

4.5K 461 56
                                    

[အပိုင်း ၂၂]
မင်းသိပ်ကြိုက်တဲ့ ဇာတ်ဆောင်ဟာ မင်းကိုယ်တိုင်ပါပဲ။ စိတ်ရှိသလိုသာ နှလုံးသားတွေကိုကစားပေါ့ အချစ်ရယ်..။
ပျော်နေတယ်ဆို ပြီးရောပေါ့။

X

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ နိုးထလာရတဲ့မနက်ခင်း။ တက်ကြွတဲ့စိတ်ကို အပြစ်စိတ်က ထပ်ပေါင်းစည်းတော့ မျက်နှာမှာ အပြုံးတစ်ခုနဲ့ သက်ပြင်းချရင်း ကုတင်ပေါ်က ဆင်းလိုက်မိတယ်။ မှန်ထဲမှာ မြင်နေရတဲ့မိန်းကလေးဟာ Seulgi အစစ်မှ ဟုတ်သေးရဲ့လားမသိ။ သူမကတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လောကကြီးကို နည်းနည်းလေးမှ ဂရုမစိုက်ဘဲ သံယောဇဉ်ကြိုးတိုင်းကို ဖြတ်တောက်ပစ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ရူးရူးမိုက်မိုက် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကိုပဲ တွေ့နေရတယ်။

စားပွဲပေါ်တင်ထားတဲ့ဖုန်းကို ယူကြည့်တော့ Byul နဲ့ Seung Wan က group chat ထဲမှာ စကားတွေ အများကြီးပြောထားကြသည်။ စာတော်တော်များများက Seung Wan ပြောထားတာဖြစ်ပြီး Moonbyul က သူပြောသမျှကို နားထောင်ပေးကာ တစ်ခါတစ်လေမှသာ ဝင်ပြောတာဖြစ်သည်။

Seulgi ဖုန်းကိုစက်ပိတ်လိုက်ပြီး မျက်နှာရှေ့ကျနေတဲ့ ဆံပင်တွေကို ပစ်စလက်ခတ် သပ်တင်လိုက်တယ်။ Seung Wan ဆိုတဲ့ အမည်နာမကို စိတ်ထဲကဖြစ်ဖြစ် နှုတ်ကပဲဖြစ်ဖြစ် ရေရွတ်လိုက်တိုင်း ဖော်ပြလို့မရတဲ့ မအီမသာဖြစ်မှုကြီးက စိတ်ထဲမှာ နေရာယူလာတတ်ပြီး အဲ့လိုအချိန်မျိုးဆိုရင် ဒေါသတွေက အလိုအလျောက် ထွက်လာတတ်တယ်။

'ဒေါက် ဒေါက်'

"သမီး မနိုးသေးဘူးလား "

ဆံပင်တွေကို ထိပ်မှာစုစည်းကာ အခန်းပြင်ကိုထွက်တော့ မေမေက မီးဖိုချောင်မှာ မနက်စာချက်နေသည်။ Seulgi ဘယ်ရှုပ်ထွေးမှုတွေထဲမှာမှ ဝင်မပါဖူးသလိုမျိုး မေမေ့ကို ပြုံးပြပြီး ရေခဲသေတ္တာထဲကို လှန်လှောကြည့်မိသည်။

"ဒီနေ့ ကျူရှင်ရှိလား "

"ဟုတ် ရှိတယ် စားပြီးရင်ရေချိုးတော့မှာ "

မေမေက ခေါင်းငြိမ့်ရင်း ပန်းကန်ထဲကို ပေါင်မုန့်နှစ်ချပ်နှင့် ကြက်ဥကြော်ထည့်ပေးသည်။ အသစ်ဝယ်ထားတဲ့နို့ဗူးကို ခွက်နှစ်ခွက်ထဲ Seulgi အပြည့်နီးနီးဖြည့်တော့ အမေက တစ်ချက်ကြည့်လေသည်။

PlayWhere stories live. Discover now