[အပိုင်း ၁၂]
'မင်းထင်တာထက်ပိုပြီး စိတ်ယိမ်းယိုင်လွယ်သူပါ'X
ပွဲဈေးဆိုတာမနက်ပိုင်းမှာ သိပ်စည်ကားတတ်တာမဟုတ်။ သို့သော်ငြား ဘာကိုမှမတွေးဘဲ သူမတို့တွေ ဝင်ခဲ့သည် ။ ဆိုင်အတော်များများကမူ ပိတ်ထားလျက်ရှိသော်လည်း ဝိရိယကောင်းသည့် ဆိုင်လေးတစ်ချို့ကတော့ မနက်၊ ည ရွေးချယ်မနေ၊ စီးပွားဖြစ်ဖို့ရာ စဖွင့်နေလေပြီ ။
ခပ်နွေးနွေး နေရောင်ခြည်က ဆူညံခြင်းအလျင်းမရှိသော ပွဲဈေးပေါ်သို့ ဖြန့်ကျလို့..။
အဖြူရောင်ဂါဝန်နှင့် ထိုအမျိုးသမီးသည် သူမစိတ်ထဲတွင် ထိုခပ်နွေးနွေး နေရောင်ခြည်နဲ့တူသည်။ ရုတ်တရက်မှ ရင်အေးအောင် တိုက်ခတ်တတ်သော လေပြေနဲ့လည်း
အလားသဏ္ဍန် တူပြန်သည်။ တစ်ချက်တစ်ချက်ကျတော့ တောက်လောက်ကျွမ်းနေသော မီးတောက်လေးနဲ့တူပြီး တစ်ခါတစ်လေ ဖြူစင်လွန်းသည့် နှင်းပွင့်နဲ့တူတတ်သည်။လည်စရာပတ်စရာ ကြည့်ရှုစရာဆိုလို့ များများစားစားမရှိ။ ထိုအမျိုးသမီးက သူမလက်ကိုကိုင်လျက် ရှိနေဆဲ။ သိမ့်သိမ့်ကလေး နောက်ပြီး ငြိမ့်ငြိမ့်ကလေး ။ ဒီလောက်အထိ ငြိမ်သက်ပြီး ဒီလောက်အထိ မြန်နေတဲ့ နှလုံးခုန်သံတွေကြား သူမ လမ်းပျောက်နေသည်။
တကယ်ဆို ကျောင်းတက်နေရမယ့်အချိန် မဟုတ်လား။ စာမေးပွဲကလည်း နီးနေပြီမို့ စာကလွဲရင် ဘယ်အရာမှခေါင်းထဲထည့်မထားသင့်တဲ့အချိန်မှာ ကျောင်းပြေးဖို့ကစဉ်းကိုမစဉ်းစားသင့်တဲ့အရာ ။
ဒါပေမယ့် ကျောင်းပြေးဖို့ကို သူမတကယ် မစဉ်းစားခဲ့ဘူး။ အဲ့အမျိုးသမီး အထီးကျန်နေမှာပဲလို့ တွေးမိရုံကလွဲရင် သူခေါ်တဲ့နောက် လျှောက်လိုက်သွားဖို့လည်း ပထမက Seulgi အာရုံမရှိခဲ့ဘူး။ တစ်ခုပဲ ။ ပျော်သွားတာလား ဝမ်းသာသွားတာလား အဖော်ရလို့ပဲ ကျေနပ်သွားတာလား သဲသဲကွဲကွဲ မဖော်ပြတတ်တဲ့ သူ့မျက်နှာကြောင့်သာ ကျောင်းပြေးဖို့ချခဲ့တဲ့ ဆုံးဖြတ်ချက်ကို နောင်တမရတာ ။