Episode - 5

5K 532 32
                                    


[အပိုင်း ၅]
'မင်းသောက်တတ်တဲ့ဆေးလိပ်ရဲ့ ပြာမှုန်တွေလို မင်းရယ်မောလိုက်တာကြောင့် ကိုယ်ကြွေ..'

X

"ကောင်းတော့ကောင်းတယ် ဒါပေမယ့်စာရေးဆရာမ Bae Suah ရဲ့ A Greater Music ဆိုတဲ့စာအုပ်ကို ဖတ်ဖူးလား "

ဒုတိယအကြိမ်မြောက် Seulgi အိမ်ကို တမင်တကာ Seung Wan လိုက်သွားတဲ့အခါ မျှော်လင့်ခဲ့တဲ့အတိုင်း စာရေးဆရာမ Irene နဲ့ စကားပြောခွင့်ရသည် ။ ခုံမှာထိုင်ပြီး အအေးသောက်ရင်း စာအုပ်အကြောင်းကို သူမတို့ပြောနေကြတာမဟုတ် ။ စာရေးဆရာမ Irene ရဲ့ အိမ်ရှေ့မှာတင် ဒီအတိုင်းမတ်တပ်ရပ်ပြောနေကြခြင်း ။

တစ်ချက်တစ်ချက် စာရေးဆရာမ Irene က ညနေခင်း ကောင်းကင်ကိုမော့မော့ကြည့်တတ်သည် ။

Seulgi နဲ့ Moonbyul က စာလုပ်ဖို့အတွက် အပေါ်ထပ် အရင်တက်နှင့်မယ်ဆိုကာ သူမကိုလွှတ်ထားကြသည် ။ Seulgi က လွှတ်ထားတာဆိုရင် ပိုမှန်မလား ။ Seung Wan အနေနဲ့လည်း သူငယ်ချင်းမကြိုက်တဲ့ ကိစ္စတွေကို မလုပ်ချင်ပါ ။ ဒါပေမယ့် အခုကတားလို့မရ။ မိန်းကလေးချင်း ဒီလိုခံစားချက်မျိုးထားတာကို Seulgi မကြိုက်တာ သူမ သေသေချာချာသိတယ် ။

သူမကလည်း ရည်ရွယ်ပြီးတော့ ဖြစ်သွားတာမဟုတ် ။ Seulgi တို့ Moonbyul တို့ သူမနေရာကိုဝင်ကြည့်ရင် ညဘက်တွေဘယ်လောက်ထိ အိပ်ရေးပျက်ရကြောင်းကို နားလည်ကြလိမ့်မယ် ။

ငြင်းသည် ၊ Seulgi ပြောသလိုမျိုး စာရေးဆရာမက သူမတူအောင်လှတာကြောင့် ရုတ်တရက် Seung Wan သူ့ကိုမြင်ရင် ရင်ခုန်လာတာပါလို့ ။ ငြင်းသည် ၊ Seulgi ပြောသလိုမျိုး စာရေးဆရာမက သူမကို ကောင်းကောင်းမွန်မွန် စကားပြောတာကြောင့် ပရိတ်သတ်အနေနဲ့ စိတ်ကစားတာပါလို့ ။

ဒါပေမယ့် တွေ့ချင်လာတဲ့စိတ် မြင်ချင်လာတဲ့စိတ် ၊ အနားမှာနေပြီး စကားတွေပြောချင်လာတဲ့စိတ်ကို သူမ တားလို့မှမရဘဲ ။ နောက်ဆုံးတော့ Seulgi ကပဲ သူမကို နားလည်ပေးဖို့ ကြိုးစားခဲ့ရသည် ၊ Seung Wan ကို သူအပြည့်အဝနားလည်ပေးနိုင်မှာတော့ မဟုတ်လောက်။

"A Greater Music? မဖတ်ဖူးဘူး အကျဉ်းလေးပြောပြပါလား "

စာရေးဆရာမ Irene က ပြုံးသည် ။ ဒီလိုအပြုံးမျိုးကို Seulgi က ကွယ်ရာမှာ 'လူယုတ်မာပြုံး'ဆိုပြီးခေါ်သည်။ စာရေးဆရာမအပေါ် ဘယ်လောက်ထိတောင်မှ Seulgi စိတ်မကြည်မှန်း သိသာနေစေတဲ့အချက်တွေ ။ ဒါပေမယ့်လည်း စာရေးဆရာမကတော့ ထိုသို့မဟုတ်။ သူ့မှာ Seulgi ကိုမကြည်စရာအကြောင်း သီးသန့်မရှိလို့ ဖြစ်ပါလိမ့်မည် ။

PlayOpowieści tętniące życiem. Odkryj je teraz