[အပိုင်း ၂၆]
လူပြက်။
X
အကယ်၍ စက်ဘီးသာ လေရှိနေခဲ့ရင် ဒီနေရာကို အခုထက်ပိုပြီး စောစောကြိုရောက်ခဲ့လိမ့်မယ်။ ဒါဆို ရင်နာစရာကိစ္စတွေ မဖြစ်လာလောက်ဘူးထင်တယ်။ ဘာလို့များ စက်ဘီးကလေလျော့နေရတာလဲ။
သူမလုပ်ခဲ့တာ အေးအေးဆေးဆေး လေတချွန်ချွန်နဲ့ ဒီအိမ်ကိုလာခဲ့တာလေးတစ်ခုတည်း။ သူငယ်ချင်းကို သတိရတဲ့စိတ်နဲ့ ချစ်တဲ့သူကို ကိုယ်တိုင်လုပ်ထားတဲ့ ထမင်းလိပ်လေး ကျွေးချင်လို့ဆိုပြီး ထည့်ထားတဲ့ဗူးကို ကိုင်ထားခဲ့တာ။ တစ်ခါက သူစာအုပ်တိုက်ကို သွားစရာရှိတယ်ဆိုလို့ သူမ ထမင်းလိပ်ထည့်ပေးဖူးတယ်။ အရသာရှိတယ်၊ ကြိုက်တယ်လို့ပြောရင်း သူမခေါင်းကိုပုတ်ခဲ့တာ အဲ့တုန်းက။
သူတို့နှစ်ယောက်ရဲ့ စကားတွေကို ကြားရလိမ့်မယ်လို့တော့ ဘယ်ကြိုသိခဲ့ပါ့မလဲ။
"မင်းနဲ့သူနဲ့ကဘာလဲ"
အသံကြားတာနဲ့ ဘယ်သူလဲဆိုတာ Seung Wan တန်းသိတယ်။ မသိတာက အဲ့အသံထဲမှာ သူမကိုတစ်ခါမှ ထုတ်မပြဖူးတဲ့ ပိုင်ဆိုင်လိုစိတ်တွေ သံသယတွေ ပါဝင်နေတာပဲ။
"အဲ့လိုမေးဖို့အတွက် ရှင်နဲ့ကျွန်မကဘာလဲ"
တစ်ဖက်က နောက်တစ်ယောက်ရဲ့အသံကလည်း Seung Wan ဘယ်တုန်းကမှ မကြားဖူးတဲ့ နာကျင်ခြင်းတွေ၊ ဝမ်းနည်းမှုတွေ၊ ဒေါသတွေနဲ့။ နောက်တစ်ယောက်ရဲ့အသံဆိုလို့ အဲ့လူကို Wan မသိတာမဟုတ်ဘူး။ ဒီတိုင်း.. လက်မခံနိုင်သေးတာ။ မဟုတ်လောက်ဘူး၊ မဖြစ်နိုင်လောက်ဘူး။
နှလုံးသားကို ခဲနဲ့ဆွဲပြီး သမုဒ္ဒရာထဲ ပစ်ချထားသလို ခံစားရတယ်။ စိုးရိမ်စိတ်တွေ မှန်နေမှာကို Seung Wan မလိုချင်ဘူး။ အရာရာပျက်စီးကုန်မှာလေ သိတယ်မလား။ အရာရာလို့ဆိုတဲ့အခါ ဆက်ဆံရေးတွေတင်မကဘူး၊ သူမဘဝ၊ သူမနှလုံးသား၊ သူမရဲ့အနာဂါတ်တွေလည်းပါတယ်။
အဲ့လိုသူမရဲ့အနာဂါတ်က တစ်ဖက်ကလူကို တစ်ခုခုမေးလိုက်ပုံရတယ်။ ဒါပေမယ့်ပြန်ဖြေသံမကြားရဘဲ အတော်လေးကြာသွားတာကြောင့် Seung Wan ကြည့်လိုက်တော့ ခြံထဲမှာဘယ်သူမှရှိမနေတော့။ စကားပြောစရာကုန်သွားလို့ ကိုယ့်အခန်းကိုယ် ဝင်သွားကြတာနေမယ်။ ဟုတ်တယ်.. သူတို့ိမှာက တခြားလေးလေးနက်နက်ပြောစရာ ဘာအကြောင်းမှမရှိသင့်ဘူးလေ။