Episode - 30

4.5K 471 19
                                    

[အပိုင်း ၃၀]

ကိုယ့်အတွက်တော့ မင်းကိုချစ်တယ်ဆိုတာ မီးတောက်ကလေးထဲ ပိုးဖလံငယ်လေးတိုးဝင်သလို၊ ဝေဟင်မှာပျံတဲ့ငှက်ကလေး သမုဒ္ဒရာထဲ ဆင်းသက်သလို..။

မိုက်တွင်းကလေး ဆက်နက်ချင်သေးတယ်။
မင်းကလွဲရင်လည်း မင်းကိုပဲချစ်တယ်။

X

"သမီး ရေမိုးချိုးပြီးလို့ ကျောင်းသွားရင် တံခါးကိုသေချာပိတ်သွားနော် မေမေပြန်အိပ်လိုက်ဦးမယ်"

"ဟုတ်"

ဟင်းချိုသောက်နေရင်းက Seulgi ပြန်ဖြေလိုက်ပြီးနောက် ခဏကြာတော့ အခန်းတံခါးပိတ်သံကို ကြားလိုက်ရတယ်။ ဇွန်းနဲ့ပန်းကန်ထိသံ တစ်ချက်တစ်ချက်ကလွဲလို့ တစ်အိမ်လုံးက တိတ်ဆိတ်နေပြီး မနက်စာစားနေဆဲဖြစ်တဲ့ Seulgi မှာ ဒါကိုမမှုတော့။ နာရီလက်တံကို လှမ်းကြည့်ဖြစ်တဲ့အခါ ပြင်ဆင်ချိန် အလုံအလောက်ရသေးတာ တွေ့ရသည်။

ပန်းကန်တွေကို ဘေစင်မှာခပ်သွက်သွက် ဆေးကြောလိုက်ပြီးတော့ ရေစစ်တဲ့နေရာမှာထားကာ မိမိအခန်းထဲ ပြန်ဝင်လာလိုက်သည်။ အစားစားပြီးချင်း ရေတန်းချိုးဖို့မသင့်တာမို့ ကျောင်းလွယ်အိတ်နဲ့စာအုပ်တွေကို သေချာပြန်စစ်ဆေးရင်း ယူနီဖောင်းကို အဆင်သင့်ထုတ်ထားပြီးနောက်မှ ရေချိုးခန်းထဲကို ဝင်လာလိုက်လေသည်။

အဝတ်အစားဟောင်းများကို လျှော်ရန်ခြင်းတောင်းထဲထည့်၊ ရေကိုဖွင့်ချလိုက်တော့ အသည်းခိုက်မတတ် အေးစိမ့်နေတာကြောင့် အပူအအေးပြန်ညှိပြီးမှ ရေပန်းအောက်မှာ နေရာယူတော့တယ်။ ခပ်နွေးနွေးရေက ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းစီးဆင်းသွားပြီး Seulgi မျက်လုံးတွေကို မှိတ်ချလိုက်တော့ နှုတ်ခမ်းတွေပါ အလိုက်သင့်ကွေးညွှတ်သွားသည်။

ကျူရှင်ဆင်းချိန်အထိ ကားပေါ်မှာစောင့်နေပြီး အိမ်အပြန်လမ်းမှာ လက်တွေမလွှတ်ခဲ့တဲ့အကြောင်းက အိပ်မက်ထဲလည်းပါသည်၊ မျက်လုံးမှိတ်လိုက်တိုင်းလည်း မြင်ယောင်သည်။ တဒိတ်ဒိတ်ခုန်နေရသည့် ရင်ဘတ်ကလေးကလည်း သာမန်ထက်ပိုနေတုန်း။

PlayWhere stories live. Discover now