[အပိုင်း ၃]
'ကိုယ်ဟာ ဒဏ်ရာတွေလက်ခံရာ နယ်မြေမဟုတ်'X
"Seulgi ငါအိမ်ကိုလိုက်လို့ရလား"
Seung Wan နဲ့ အောက်ထပ်က အမျိုးသမီးဆုံခဲ့တာ တစ်ပတ်တင်းတင်းပြည့်သည့်နေ့ ။ သူမ မှတ်မိနေရတဲ့ အကြောင်းပြချက်တိတိကျကျမရှိ ။ ဒီအတိုင်း....
ငြင်းရခက် လက်ခံရခက်အနေအထားမှာ Seulgi သက်ပြင်းချရင်း တွက်နေတဲ့သင်္ချာစာအုပ်ကို ပိတ်လိုက်ပြီး Seung Wan ကို မျက်နှာချင်းဆိုင်လိုက်တယ် ။
"Seung Wan ငါ့အိမ်မှာ ထူးထူးခြားခြားလုပ်စရာ ရှိလို့လား "
သူမ မေးခွန်းက နည်းနည်းတော့ရိုင်းသွားတာမှန်ပေမယ့် တည့်တည့်ပြောမှဖြစ်မည့် ကိစ္စတစ်ခုကြောင့် စိတ်ထဲမှာ ကောင်းနေပါတယ်လို့ ဟန်မဆောင်ချင် ။ Seung Wan မျက်နှာလေး အတန်ငယ်ပျက်သွားတယ်။
"ဒီတိုင်း.. "
"နင် စာရေးဆရာမကိုတွေ့ချင်နေတာလား"
ခေါင်းပိုငုံ့သွားတဲ့အပြုအမူနဲ့ တိတ်ဆိတ်နေတဲ့လေသံက သူမ မေးလိုက်တာ မှန်သွားကြောင်း သက်သေပြသည် ။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရပါ့မလဲ.. ။ မိန်းကလေးချင်း တကယ်ငြိတွယ်တာမျိုးတွေမရှိကြောင်း၊ ခဏတာ စိတ်ကစားတာမျိုးဖြစ်ကြောင်းကို သူငယ်ချင်း Seung Wan သိအောင် သူမ ဘယ်လိုရှင်းပြရမလဲ ။
"နင်တွေးနေတာတွေ မဟုတ်သေးဘူး "
ခဲသားဘောပင်ကို စားပွဲခုံပေါ် အသံမြည်အောင်ချလိုက်ပြီး စိတ်ပျက်မိတဲ့အသံမျိုးနဲ့ Seung Wan ကို ပြောတဲ့အခါ နဂိုရ်ကသေးပါတယ်ဆိုတဲ့ ကောင်မလေးဟာ သူမရှေ့မှာ ဒီထက်ပိုပြီး သေးငယ်လာသယောင် ။
"သူက မိန်းကလေး - မဟုတ်ဘူး သူက အမျိုးသမီး နင်ကမိန်းကလေး "
Seulgi အဓိကအချက်ကို ဆွဲထုတ်လို့ရမလားဆိုပြီး စကားအသုံးအနှုန်းတွေ ဂရုစိုက်ပြောနေမိသည် ။
Seung Wan ကို သိစေချင်တာ.. အခုခံစားနေရတာက စိတ်ကစားနေတာပဲဖြစ်ကြောင်း ဒီအမျိုးသမီးက မိန်းမစစ်စစ်တစ်ယောက်ဖြစ်ပြီး မိန်းကလေးချင်း မတော်မလျော်စိတ်တွေဝင်နေတာက သဘာဝကို ဆန့်ကျင်နေတာဖြစ်ကြောင်း အချိန်ကြာရင် ဒီခံစားချက်တွေက ပျောက်သွားမှာပဲဆိုပြီး သူမ Seung Wan ကို သိစေချင်မိသည် ။