[အပိုင်း ၁၁]
'စိုးရိမ်စရာကောင်းလောက်အောင် မင်းနဲ့အတူတူ
ကိုယ့်မှာပျော်ရွှင်နေမိခြင်း'
Xနေအလင်းရောင်က အဝါဖျော့ဖျော့လိုက်ကာစကိုဖြတ်၍
အခန်းထဲက စားပွဲခုံရှေ့သို့ ဖြာကျနေသည်ကို အိပ်ရာထဲ
လှဲနေဆဲဖြစ်သော သူမတစ်ယောက် အသိစိတ်မကပ်ဘဲ
ငေးကြည့်နေမိသည်။ တစ်ချက်တစ်ချက် ကြားနေရတဲ့
နာရီသံကို အမှီသဟဲပြုပြီး ပြန်အိပ်ဖို့ကြိုးစားပေမယ့်
မျက်လုံးတွေက မှိတ်မရ။ စိတ်ကလည်း အိပ်မရတော့ ။စားပွဲပေါ်မှာ ပုံဆွဲစာအုပ်က ဖွင့်လျက်အနေအထားဖြင့်
ရှိနေဆဲဖြစ်ပြီး ခပ်တုံးတုံးခဲတံကလည်း နေရာမကျဘဲ
ပြုတ်ကျခါနီးဆဲဆဲ စားပွဲအစွန်းနားရောက်နေသည် ။Seulgi လှဲနေရာက ထိုင်လိုက်တော့ မီးခိုးရောင်စောင်က
ခါးနားရောက်သွားပြီး တစ်အိမ်လုံးတိတ်ဆိတ်နေပုံအရ
အမေ ဆေးရုံမှာပဲရှိနေလိမ့်ဦးမည် ။ စားပွဲအစွန်းနားက
ခဲတံကိုလှမ်းယူကာ ရောင်စုံစာအုပ်ကြားထဲညှပ်ပြီးတော့
စာအုပ်ကို အံဆွဲထဲထည့်သိမ်းလိုက်သည် ။ရာသီဥတုကောင်းမွန်နေတဲ့ နေ့လေးတစ်နေ့မှာမှ သူမက
စိတ်တွေထိုင်းမှိုင်းနေသည်လေ ..။အိပ်ရာထ၊ စောင်ခေါက်သိမ်းပြီး ကျောင်းသွားဖို့အတွက်
ပြင်ရဆင်ရသည်။ တတ်နိုင်သမျှ ခေါင်းကိုရှင်းနေအောင်
အတွေးတွေထုတ်ထားပေမယ့် အဲ့အတွေးဆိုတာတွေက
ရှင်းထုတ်ပစ်လို့ရတာမျိုးတွေမှ မဟုတ်ဘဲ ။မီးဖိုချောင်ကိုဝင်ပြီး ရေခဲသေတ္တာထဲက ရေဘူးတစ်ဘူး
စိတ်ရှိလက်ရှိ ယူသောက်ပြီးနောက် မနက်စာစားဖို့ရာ
စိတ်မပါတာကြောင့် TV ရှေ့၌ ခေတ္တထိုင်နေမိသည် ။'ဒေါက် ဒေါက်'
သူမတစ်ယောက်တည်းနဲ့ တိတ်ဆိတ်နေတဲ့အိမ်ထဲမှာ
တံခါးခေါက်သံက ကျယ်လောင်စွာထွက်လာသည် ။
အမေ မဟုတ်မှန်း သိနေတာကြောင့် ထမဖွင့်ပေးချင် ။တစ်ချို့သောမျက်နှာတွေကို မျက်နှာချင်းဆိုင်လိုစိတ်မရှိ။'ဒေါက် ဒေါက် ဒေါက် ဒေါက်'
တံခါးခေါက်သံက ပိုကျယ်လာသည်။ အကြိမ်ဖန်များစွာ
သက်ပြင်းချပြီးသည့်နောက်တော့ တံခါးဖွင့်ဖို့အတွက်
TV ရှေ့ကနေ Seulgi ထရပြန်သည်။
