"ငါ ကျောင်းထွက်ရတော့မယ် ဇံထူး"
ဆေးရုံဆင်းပြီးသည့်နောက်ရက်များတွင် စံလင်းတစ်ယောက် အိမ်တွင်းအခြေအနေအလုံးစုံအား နားလည်သဘောပေါက်ခဲ့ပြီမို့ ကျောင်းထွက်ရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းသာဖြစ်တော့သည်။ ဒါတောင် ကိုးတန်းနှစ်ကလေးကို အားတင်း၍ပြီးအောင်တတ်ရန်ကြိုးစားနေဆဲ။ သို့သော်လည်း အခြေအနေအရပ်ရပ်ကို ကာယကံရှင်သာ အသိဆုံးပေမို့။
"ဘာလို့ထွက်မှာလဲ။ မင်းကလည်းကွာ ဆယ်တန်းတော့အောင်မှဖြစ်မယ်လေ။ ဖြစ်နိုင်ရင်မထွက်ပါနဲ့ကွာ။ ငါကူညီနိုင်တာရှိလည်း ပြော။ ငါအစွမ်းကုန်ကူညီပေးမယ်။ ကျောင်းတော့မထွက်ပါနဲ့"
စံလင်း၏ ကျောင်းထွက်မည်ဟူသော စကားအဆုံး ကာယကံရှင်ထက်ပင် ပိုမိုစိုးရိမ်နေသူမှာ ဇံထူးပင်ဖြစ်လေတော့သည်။
"မင်းတတ်နိုင်တာမျိုးမဟုတ်ဘူးဟ။ မင်းစေနာကိုတော့ ငါသိပါတယ်။ ဒါပေမဲ့ အခြေအနေက မထွက်လို့ရမနေဘူးဟ။ စားဝတ်နေရေးကရှိသေးတယ်"
တစ်နှစ်နီးပါးခင်မင်ခဲ့သောအချိန်ကာလတစ်ခုတွင် စံလင်းနှင့်ဇံထူးနှစ်ဦးစလုံး ညီအစ်ကိုရင်းများပမာခင်မင်နေကြပြီဖြစ်သလို တစ်ယောက်အကြောင်းတစ်ယောက်လည်း အတော်အသင့်သိရှိနေကြပြီ။
"ဦးလေး မသက်သာဘူးလား"
"အေး။ မသက်သာတဲ့အပြင် ပိုဆိုးလာတယ်"
ကျောက်ကပ်တစ်ခြမ်းပျက်စီးနေသည့်ဖခင်အတွက် ကျန်ကျောက်ကပ်တစ်ခြမ်းကို လစဉ်ဆေးနေရသည့် ဆေးစရိတ်။ ထို့အတူ ညီမငယ်ကလေး၏ ကျောင်းစရိတ်၊ အိမ်၏စားစရိတ် စသဖြင့် စရိတ်များပင် အလျင်မီသည်မရှိသော စံလင်းတို့အိမ်အတွက်
ဆယ်တန်းကို အေးအေးဆေးဆေးဖြေရန် စံလင်း ယုံကြည်ချက်မရှိပါ။
"ဒီစာမေးပွဲတော့ ဖြေလိုက်ပါကွာ။ ဘယ်လောက်မှလည်းမလိုတော့တဲ့ဟာပဲ။ ဆယ်တန်းဆက်တက်ဖို့ကတော့ မင်းသဘောပါ"
"အေးပါ။ ငါလည်း အခုချက်ချင်းထွက်မယ်မပြောပါဘူး။ ဒီစာမေးပွဲတော့ဖြေမယ်။ ပြီးရင်တော့ တစ်နှစ်လောက်နားပြီး ပိုက်ဆံလေးစုချင်တာ။ နို့မိုဆို မင်းသိတဲ့အတိုင်းပဲ ဟိုမိန်းမက ကြည်တာမဟုတ်ဘူး။ ငါလည်း ဆယ်တန်းမအောင်ပဲ ထောင်ထဲရောက်တော့မယ်"
ВЫ ЧИТАЕТЕ
ချည်တိုင် [ Philophobia ]
Подростковая литератураNeither love nor be loved........ Art : @CitaminArt❣️
![ချည်တိုင် [ Philophobia ]](https://img.wattpad.com/cover/210776222-64-k838330.jpg)