(၄၀)

12.2K 1.1K 114
                                        

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်။

တက္ကသိုလ်ကြီးက ထုံးစံအတိုင်း ခမ်းခမ်းနားနားတည်ရှိလို့နေသည်။ ကျောင်းသူ၊ ကျောင်းသားတို့ကလည်း စာသင်နှစ်အသစ်တစ်ခုဖြစ်သည်မို့ တက်ကြွလန်းဆန်းနေကြလို့။

"လောင်ရှိ ဟောင်"

တစ်ချိန်က အတန်းတာဝန်ရှိဆရာမဖြစ်ခဲ့သည့် တီချယ်ကို မထင်မှတ်ဘဲတွေ့သည်မို့ သူသတိတရနှုတ်ဆက်မိပါရဲ့။

"ဟဲ့ စံလင်း။ သား မင်း ခုဘာတွေလုပ်နေလဲ"

"တိုးကုမ္မဏီတစ်ခုမှာလုပ်နေတယ် လောင်ရှိ"

"ကောင်းလိုက်တာ။ ငါ့သားက ခုမှ ပိုခန့်လာတယ် ကြည့်ဦး"

"လောင်ရှိကလည်း"

"နေဦး မင်းကျောင်းကို ဘာလို့လာတာလဲ။ ကိစ္စရှိလို့လား"

"မဟုတ်ဘူး လောင်ရှိ။ ပြည့်ဖြိုးဟန်ကို စောင့်နေတာ။ သူ့ကိုလာခေါ်တာ"

"အေး အေး။ လောင်ရှိ ဝင်ပြီနော်။ ဆရာကန်တော့ပွဲကျ လာခဲ့ဦး"

ဆရာမကိုနှုတ်ဆက်ရင်း ထွက်ပေါက်ရှိရာဘက်ဆီသို့သာ လျှောက်လာလိုက်သည်။ ကျောင်းဆင်းချိန်နီးကပ်နေပြီမို့ ကျောင်းရှေ့ ကားရပ်နားကွင်းတွင် ဖယ်ရီများ၊ ကားများ၊ မုန့်သည်များ စသဖြင့် စည်ကားလျှက် ရှိနေသည်မှာ သူ ကျောင်းတက်ခဲ့စဉ်ကအတိုင်း မပြောင်းမလဲ။

ဖြတ်သွားဖြတ်လာ ကျောင်းသားတချို့ကို ကြည့်ရင်း ကျောင်းတက်ခဲ့ရသည့်အချိန်တို့ကို သတိရနေမိသည်။ ထိုအချိန်ကသာ ယခုကဲ့သို့ ငွေကလေး မဆိုစလောက်သုံးစွဲနိုင်ခဲ့လျှင် သူ့ကျောင်းသားဘဝက ပို၍ပျော်စရာကောင်းခဲ့လိမ့်မည်လား၊ မသေချာသော မေးခွန်းတစ်ခုသာဖြစ်ပါလိမ့်မည်လေ။

"ဟဲလို။ အင်း။ ငါ အပြင်မှာ"

ဖုန်းလေးချပြီးသည်နှင့် ပြည့်ဖြိုးဟန် ကားလေးထွက်လာမည့် နေရာကိုသာ သူမျှော်ကြည့်နေလိုက်တော့သည်။

"စုန်း၊ တက်"

ထိုင်နေကျအရှေ့ခန်းသို့တက်ရန် ခြေလှမ်းပြင်လိုက်သော်လည်း အမျိုးသမီးတစ်ဦးက အခန့်သင့် ဆီးကြိုနေသည်မို့ စံလင်း စိတ်ထဲ တစ်မျိုးဖြစ်သွားရသည်။

ချည်တိုင် [ Philophobia ]Where stories live. Discover now