ကျောင်းတက်ရက်တို့က ပုံမှန်အတိုင်း လည်ပတ်နေသည်။ သူတို့အတန်းအတွင်း ပြောင်းလဲမှုတစ်စံတရာမရှိသည့်တိုင် တစ်စုံတစ်ဦးကတော့ ပျောက်ချက်သားကောင်းနေသည်မှာ တစ်ပတ်ပင်ကျော်တော့မည်။
လင်းသန့်ဦး။ ယမန်နေ့ကတည်းက ကျောင်းတွင် မတွေ့ရသည့်သူက အဆက်အသွယ်လည်း မရ။
"စုန်း ကန်တင်း သွားမယ်"
ကျောင်းဝင်းအတွင်း ဟီုဟိုသည်သည်မှ ဆူညံသံများ။
"ငထူးကိုခေါ်လိုက်ဦးမယ်"
သည်ရက်များအတွင်း သူတီု့သုံးဦး အတူတကွ အချိန်ဖြုန်းဖြစ်ကြသည်။ စံလင်း၏ ရည်ရွယ်ချက် တစ်ဖြစ်လဲ ထိုသူနှစ်ဦး ပြန်လည်အဆင်ပြေပါစေဟူသော ဆန္ဒကလေးက အလှမ်းဝေးသေးသည့်တိုင် မျှော်လင့်ချက်ရေးရေးကလေးတော့ ပေါ်နေပြီမလား။
"ငထူး"
ခပ်သုတ်သုတ်လျှောက်လာရင်း ခုံဆွဲကာ စံလင်းနံဘေးတွင် ဝင်ထိုင်ရှာသည်။
"စုန်း နေရာလဲမယ်"
ပြည့်ဖြိုးဟန်၏ တုံးတိပြောချလာမှုအဆုံး ကြောင်သွားရသူက သူတို့နှစ်ဦး။
"စံလင်း ငါပြောဦးမယ်"
ရုတ်ချည်းဆိုသလို ပခုံးကို သိုင်းဖက်ကာ စကားကောင်းနေသည့် ဇံထူးကို သူမငြင်းဆန်နိုင်။ ပြည့်ဖြိုးကို အကဲခတ်မိတော့ မကျေမချမ်း ဟန်ဖြစ်နေသည်က ထမင်းကြော်ပန်းကန်ကလေးနှင့်။
"စံလင်း ဟိုကောင့်ကို ပြောပြီိးပြီလား"
လင်းသန့်ကို ခွင့်လွှတ်မည့်အကြောင်း သူယခုတိုင် ပြည့်ဖြိုးကို မပြောဖြစ်သေးပါ။
"ဘာလဲ။ ဘာအကြောင်းလဲ"
"ဒီိလိုကွာ"
ဇံထူး၏ ပြောစကားများကို အာရုံစူးစိုက်စွာနားထောင်နေသည်ကို မြင်ရတော့လည်း သူ စိတ်ချမ်းသာရသည်။ အခြေအနေတွေ တည်ငြိမ်သွားသည့်တစ်နေ့တော့ သူတို့လေးဦး ရင်းရင်းနှီးနှီး နေချင်သေးပါရဲ့။
VOCÊ ESTÁ LENDO
ချည်တိုင် [ Philophobia ]
Ficção AdolescenteNeither love nor be loved........ Art : @CitaminArt❣️