(၁၆)

13.7K 1.5K 123
                                        

မနက်နှစ်နာရီ။

မီးရောင်မှုန်ပျပျအောက်တွင် ဆိုင်အတွင်း လှုပ်ရှားသွားလာနေသော ပုံရိပ်တချို့။ သောက်စားပျော်ပါးကာ မူလရုပ်သွင်တို့ဖြင့် အရှိကိုအရှိအတိုင်းပြုမူနေကြသောလူများ။ ဆိုင်ပိတ်ရန်နီးကပ်လာသည်မို့ တဖြည်းဖြည်းနှင့် လူများ လျော့နည်းလာသည်ကိုသာ ကျေးဇူးတင်နေမိတော့သည်။

" ဒီနေ့အတွက်လာရောက်အားပေးတဲ့ တစ်ယောက်ချင်းဆီကို အလေးထားမှတ်မိနေပါ့မယ်ဗျ။ နောက်နေ့တွေလည်း ထပ်တွေ့ချင်ပါသေးတယ်။ အခုတော့ ဆိုင်ပိတ်ပါတော့မယ်ခင်ဗျ"

စတိတ်စင်လေးပေါ်တက်ကာ စံလင်း အသက်မပါစွာပြုံးရင်း စကားတို့ကို ရွှန်းရွှန်းဝေဝေပြောဆိုနေရသည်။

" နောက်နေ့တွေ့ချင်တယ်နော် ။ Z... ဒါကိုယ့် ကတ်"

ပြန်ခါနီးဆဲဆဲ အင်္ကျီအိတ်ကပ်ထဲရောက်လာသည့် ငွေတစ်သောင်းတန်တစ်ထုပ်နှင့်အတူ ကတ်လေးတစ်ကတ်။ ထို အမျိုးသားက သည်ဆိုင်ဖွင့်ချိန်မှစကာ ယခုအချိန်တိုင် စံလင်းကိုသာ မျက်စိတောက်ထောက်လိုက်လံကြည့်ရှုနေခဲ့သည်ကိုတော့ six sense အရသူကောင်းကောင်းကြီး သိခဲ့ပါသည်။

" ဟို အစ်ကို...ကျွန်တော် ဒါတွေမလိုဘူး"

ငွေထုပ်ကို လက်ထဲပြန်ထည့်ပေးရင်း ပရိယာယ်သုံးကာ အသက်မပါသည့်စကားကိုပြောရပြန်​၏။

" ဆိုင်ကိုသာ နေ့တိုင်းလာပေး။ ကျွန်တော့်ကိုတွေ့ချင်ရင်"

စံလင်းစကားကြားလေတော့ ထိုအမျိုးသားက ဟက်ဟက်ပက်ပက်ပြုံးကာ ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း ထွက်သွားလေတော့သည်။

"ဟူး"

တစ်ချိန်လုံးတင်းထားခဲ့ရသည့် သက်ပြင်းရှည်ကြီးကို လေးလံစွာချရင်း အဝတ်လဲခန်းသို့သာဝင်လာချိန်က သူ့ဘဝတွင် အပျော်ဆုံးအချိန်။ ဆိုင်ပိတ်ပြီမလား။

" အ... ဆောရီး"

အခန်းတွင်းဝင်ဝင်ချင်းမြင်လိုက်ရသည့်မြင်ကွင်းကမကောင်းလှ။ ဆိုင်သို့လာသူများထဲမှ တစ်ယောက်နှင့် သူ သည်ဆိုင်စရောက်ခါစ နှုတ်ဆက်တဲ့ကောင်ကလေး။ နှစ်ဦးသားဟာ မြိန်ရေရှက်ရေဖြင့် နမ်းရှုံ့နေကြရဲ့။

ချည်တိုင် [ Philophobia ]Where stories live. Discover now