" နားလည်ကြလား ။ စာမေးပွဲနီးပြီနော်။ စာတွေစလုပ်ကြတော့"
"ဟုတ်ကဲ့ လောင်ရှိ"
စာမေးပွဲကြီးနီးပြီမို့ ဆရာမဆီမှ ဩဝါဒခြွေသံကို နားထောင်နေရ၏။ နောက်ဆုံးအတန်းချိန်ဖြစ်သည်မို့ ပြည့်ဖြိုးထိုင်နေကျ နေရာလေးကို မသိမသာ အကဲခတ်မိသော်လည်း မနက်ခင်းကတည်းက လွတ်နေသည့်နေရာလေးက ယခုတိုင်မပြောင်းမလဲရှိနေဆဲသာ။
" ကလေးတွေ နောက်တစ်ပတ် နောက်ဆုံးကျူတိုရှိမယ်နော်"
"လောင်ရှိကလည်း"
"အပြည့်ပေးလိုက်ပါတော့"
"လောင်ရှိရာ"
စာသင်နှစ်တစ်နှစ်တာ ကုန်ဆုံးတော့မည်မို့ ကျောင်းသား၊ ကျောင်းသူတို့၏ လက်တည့်စမ်းကာ တရုတ်လိုမတောက်တခေါက်ပြောဆိုသံတို့က အခန်းတွင်းဆူညံစွာပေါ်ထွက်လာ၏။
"ရှူး....စာဆက်သင်မယ်"
"ကျောင်းဆင်းတော့မှာ"
"လောင်ရှိကလည်း"
တရုတ်မေဂျာပေမို့ 'ဆရာမ' ဟုခေါ်ရမည့်အစား တရုတ်အခေါ်အဝေါ် လောင်ရှိက မသိမသာ အစားထိုးဝင်ရောက်လာသည်မှာလည်း ကြာခဲ့ပြီ။
" စံလင်း လိုက်ရေးလေ"
"ဟမ်"
ပြည့်ဖြိုးဟန်အကြောင်းတွေးတောနေမိ၍ အရှေ့မှ ဆရာမ၏ သင်ပြမှုဆီလည်း စံလင်းစိတ်မရောက်။ အမှန်အတိုင်းဆိုလျှင် သည်ရက်ပိုင်း ပြည့်ဖြိုးအိမ်မှ ခဏခဏ ပျောက်သွားတတ်၏။ ယခင်လို ကောင်မလေးများနှင့်ပွေရှုပ်နေခြင်းမဟုတ်သည့်တိုင် အကြောင်းပြချက်မရှိ ပျောက်သွားတတ်၍ သူအနည်းငယ်တော့ စိုးရိမ်နေမိသည်။
"တီး တီး"
"ကဲ နောက်တစ်ပတ်တွေ့မယ်နော်"
ကျောင်းဆင်းခေါင်းလောင်းသံကြောင့် အလျှိုအလျှိုထွက်သွားကြသော ကျောင်းသား၊ ကျောင်းသူများ။
" စံလင်း မင်းကတိတည်ပါစေနော်"
"အေးပါကွာ။ စိတ်ချ"
လင်းသန့်ဦးနှင့် အနည်းငယ် အနေစိမ်းသွားသော်လည်း သက်သေနှင့်တကွ အမိဖမ်းရဦးမည့်သူမို့ စံလင်း ခါးခါးသီးသီးမဆက်ဆံနိုင်သေး။ သူငယ်ချင်းပင်ဖြစ်စေကာမူ လင်းသန့်၏ လုပ်ရပ်ကြောင့် သူမည်မျှ အထိနာခဲ့ရသနည်း၊ မည်မျှ သိက္ခာကျဆင်းခဲ့ရသနည်း။

BẠN ĐANG ĐỌC
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️