(၁၇)

11.9K 1.3K 70
                                    

တနင်္လာနေ့။

ပိတ်ရက်နှစ်ရက်လွန်မြောက်ပြီး ပုံမှန်လည်ပတ်ရာ ယန္တရားကြီးက ပြန်လည်စတင်လာသည်။ ဝသန်မိုးတို့က မကျေမချမ်းအညိုးနေသည့်နှယ် ပတ်ဝန်းကျင်ဟာ ဝုန်းဒိုင်းကြဲလို့။ သည်းကြီးမည်းကြီးရွာသွန်းနေသည့် မိုးစက်တို့အကြား နိစ္စဒူဝကိစ္စတို့အတွက် မမောနိုင် မပမ်းနိုင် လုပ်ရှားသွားလာနေရသော လူသားတို့။

တချို့ကတော့မိုးရေထဲ ပြေးလွှားကာ၊ တချို့ကတော့ အေးအေးဆေးဆေး။ ကားစောင့်နေသည့်လူတို့နှင့်မကာမိစွာ မှတ်တိုင်ကလေးက သေးငယ် ကျဉ်းမြောင်းသည်မို့ ငယ်ရွယ်သူတချို့က မှတ်တိုင်အပြင်ဘက်တွင် ထီးလေးတွေကိုယ်စီ မိုးကာကိုယ်စီဖြင့် လူသားပီသစွာစောင့်စားနေကြ​၏။

စံလင်းအနေဖြင့်ယမန်နေ့များကဲ့သို့ စီးတော်ဘီးကလေးနှင့်သွားရန် စက်ဘီးလေးက ထိုနေရာတွင်ကျန်နေခဲ့သည်မို့ သွားယူရန်အချိန်အခါကလည်း မသင့်ပင်္နငည်မို့ မိုးရေထဲ သူလိုငါလိုကားစောင့်နေရခြင်း။

တစ်နေကုန်နေရမည့်အင်္ကျီလေး မိုးစိုမည်စိုးကာ တွေးတွေးစစဖြင့် အပေါ်မှ ထပ်ဝတ်လာသည့် ရှပ်အင်္ကျီကလေးပါနေ၍ပင် တော်သေးသည်ဟုပြောရမည်။ ထီးကလေးက လေဒဏ်ကြောင့် ယိမ်းထိုးနေတော့ မိုးရေစက်တို့က ခန္ဓာကိုယ်ပေါ်ရွှဲစိုလို့။ ပုဆိုးကတော့ ဆေးရုံရောက်လျှင်လဲရတော့မည်။

"စံလင်း "

မှတ်တိုင်ရှေ့ ထိုးရပ်လာသည့် ကားကလေး​၏ ပိုင်ရှင်က လင်းသန့်ဦးဖြစ်မှန်း သူချက်ချင်းမှတ်မိပါသည်။

" တက်"

"ငါ ကျောင်းသွားမှာမဟုတ်ဘူး လင်းသန့်"

မိုးသံကို လွှမ်းစေရန် အော်ပြောမိသည့် သူ့အဖြစ်ကို ဘေးနားက လူတချို့က ကွက်ကြည့် ကွက်ကြည့်ဖြင့်။

" လိုက်ပို့ပေးမယ် တက်"

ထပ်မံငြင်းဆိုရန်ပြင်မိသော်လည်း အနောက်မှ ဘက်စ်ကားရောက်လာသည်ကိုမြင်၍ လင်းသန့်ကားပေါ်သို့အလျင်အမြန်တက်လိုက်ရတော့သည်။ မှတ်တိုင်တည့်တည့်တွင်ရပ်ထားသည်မို့ စံလင်းမှ မလိုက်လျှင် ဘက်စ်ကားစောင့်နေသူတစ်သိုက်​​၏ မေတ္တာပို့တာခံရတော့မည်မလား။

ချည်တိုင် [ Philophobia ]Tempat cerita menjadi hidup. Temukan sekarang