(၃၀)

10.8K 1K 52
                                    

မနက်အစောပိုင်းဖြစ်သည်မို့ ကျောင်းဝင်းအတွင်းရှင်းလင်းလို့နေသည်။ ကန်တင်းဆီမှ အမှာသံများ တရံတစ်ခါ ပေါ်လာတတ်သော်လည်း သစ်ပင်ပန်းမန်ပေါများသည့် ကျောင်းဝင်းပေမို့ လေအဝှေ့တွင် သစ်ရွက်လှုပ်သံတို့ကသာကြီိးစိုးလို့။

"သူငယ်ချင်း ရှေ့ဆက် မင်း ဘဝမှာ အမြဲပျော်ရွှင်ပါစေ။ အောင်မြင်ပါစေ။ တစ်ခါတရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ။ ဟိုအရင်အချိန်က ကြေကွဲခြင်း မင်းမျက်ရည်"

ကျောင်း​၏ နှစ်စဉ်ကျင်းပနေကျ အဆိုပြိုင်ပွဲတွင် အုပ်စုသီချင်း သီဆိုရန် စံလင်း လေ့ကျင့်နေမိသည်။ သည်ကနေ့သည် ပွဲနေ့ဖြစ်သည်မို့ အဆောင်မှ သူ ခပ်စောစောထွက်လာခဲ့ခြင်း။

မနက်အစောပိုင်းဖြစ်သည်မို့ ပန်းခြံထဲတွင် နားကြပ်ကလေးတပ်ကာ သီဆိုရသည်မှာလည်း ခံစားချက်ကောင်းမွန်လှသည်လေ။

"စံလင်း"

"ဟာ အစ်မ"

အနားရောက်လာသည့် တစ်နှစ်တည်းမှ နှစ်ဆွေး အစ်မကြောင့် သီဆိုမှုကို ခဏရပ်လိုက်ရသည်။ ရှားရှားပါးပါး တစ်တန်းလုံးတွင် စံလင်းကို အရေးတယူဆက်ဆံသည့် အစ်မဆိုလျှင်လည်းမမှားလှ။

"ပြည့်ဖြိုးက ပြိုင်မဲ့ထဲမှာ မပါတော့ဘူးတဲ့။ နင်သိလား"

"လူစာရင်းထဲမှာ သူ့နာမည် မဖျက်ရသေးပါဘူး"

"အေး။ မနေ့ကမှ ဖုန်းဆက်ပြီး သူ ထွက်ပါရစေတဲ့။ အဲ့ဒါ နင်များသိလား လာမေးတာ"

အမြဲတစေသီချင်းနားထောင်နေတတ်သည့် သူပေမို့ သီချင်းဆိုပြိုင်ပွဲဝင်သည်မှာ အဆန်းမဟုတ်သော်လည်း ကောက်ခါငင်ကာ နာမည်စာရင်း ဖျက်လာသည်ကတော့ ထူးဆန်းမှုတစ်ခုသာဖြစ်သည်။ သူနှင့် အုပ်စုတစ်ခုတည်း မသီဆိုလို၍ ဤကဲ့သို့ လုပ်ခြင်းသာဖြစ်ပေလိမ့်မည်။

"ကျွန်တော်မသိဘူး အစ်မ"

"နင်တို့ကလည်း တစ်အိမ်တည်းနေပြီး"

ခရေစေ့တွင်းကျ မဟုတ်သည့်တိုင် သူများတကာထက်တော့ အကြောင်းစုံသိနေသည့်အစ်မပေမို့။

"ပြောမဲ့သာပြောတာ။ ပြည့်ဖြိုး ကျောင်းမလာတာတောင် သုံးရက်လောက်ရှိပြီရော။ နေမကောင်းဘူးလား"

ချည်တိုင် [ Philophobia ]Tempat cerita menjadi hidup. Temukan sekarang