(၁၈)

11.8K 1.3K 91
                                    

လမ်းမထက် နီယွန်မီးရောင်များအောက်တွင် လှုပ်ရှားသွားလာနေကြသည့် လူအများ။ ရန်ကုန်မြို့တော်ကြီး​၏ တရုတ်တန်းဟု ဆိုလိုက်လျှင် (၁၉) လမ်းသည် မပါမဖြစ်။ ဤလမ်းကျဉ်းကလေးသည် ရန်ကုန်မြို့​၏ အထင်ကရနေရာများထဲမှ တစ်ခုအပါအဝင်။ လူငယ်များကျင်လည်ပျော်ပါးရာ လမ်းလေးထဲ ကော်ဖီဆိုင်မှစကာ ယမကာဆိုင်များအဆုံး စုံစုံလင်လင်တည်ရှိနေ​၏။

လမ်းတစ်ဖက်တစ်ချက်ဆီရှိ ဆိုင်များမှ စားသုံးသူတို့​၏ စကားပြောသံတို့ သဲ့သဲ့ကြားရသည်။ အပြိုင်အဆိုင် သောက်စားနေကြသည့် လျှာလေးအာလေးသံများဆိုလျှင်တော့ပိုမှန်ပေလိမ့်မည်။

ခြေလှမ်းတို့ကို လေးကွေးစွာလျှောက်ရင်း အဖြေထွက်ပြီးသား ပုစ္ဆာကို မကျေမချမ်း အဖြေရှာနေမိသည်။ မယုံကြည်နိုင်ခြင်းက ခေါင်းထဲကြီးစိုးနေလေတော့ အမှန်တရားကို လက်ခံရန်မှာ ခက်ခဲလွန်းနေ​၏။

Wine
Retail bar & restaurant
" Be in Paradise with us"

" Z.. ပြင်တော့လေ"

စိတ်ပြေလက်ပျောက်လမ်းလျှောက်ရင်း လမ်းထဲဝင်လာခဲ့လေတော့မှောင်ရီပျိုးစ အချိန်ပင်ရောက်၍ ဆိုင်ဖွင့်ချိန်ပင်နီးကပ်နေပြီ။

"အင်း"

အဝတ်လဲခန်းဆီ ခပ်သွက်သွက် ဝင်လာရင်း ယနေ့အတွက် ဝတ်ဆင်ရမည့် အင်္ကျီကလေးကို စိတ်ပျက်စွာ၊ ပြီးနောက် အားကိုးစွာကြည့်မိ​၏။

"ဟက်"

နီညိုရောင် ဝတ်စကုတ်ကလေးက အရောင်လှပစွာအောက်ခံရှပ်အင်္ကျီ အဖြူကလေးနှင့် လိုက်ဖက်နေ​၏။ ပိုးသား နီညိုရောင် ဖဲပြား နက်ခ်တိုင်လေးနှင့် တွဲဖက်မိတော့ ချစ်စဖွယ်အတိ။ အမည်းရောင် ဘောင်းဘီဒူးဖုံးကလေး ကတော့ စံလင်း သည်ညအတွက် ချစ်စဖွယ်ကောင်းလေးအဖြစ် တာဝန်ယူရမည်ကို ဖော်ပြနေသယောင်ပင်။

" အစ်ကို... ဘော့စ်က လူစုတော့တဲ့"

သုတ်သုတ်ပျာပျာဝင်လာရင်း သတိပေးသွားသည့်ကောင်လေးစကားကြောင့် အတွေးစတို့ကိုဖြတ်ရင်း သူအဝတ်အစားလဲလိုက်သည်။

ချည်တိုင် [ Philophobia ]Dove le storie prendono vita. Scoprilo ora