(၃)

20.7K 2K 42
                                        

သည်ကနေ့မနက်ခင်းသည် အခြားနေ့များနှင့်မတူ၊ ထူးခြားနေ​၏။ အကြောင်းကားအခြားမဟုတ်။

ယမန်နေ့များတွင် ကျောင်းတက်ရန်လာရသော်လည်း သူ့ကိုရေးကြီးခွင်ကျယ် ခေါ်မည့်သူမရှိ၊ အထူးတလည်နှုတ်ဆက်သူဟူ၍လည်းမရှိ။ ပုံမှန်အတိုင်း ကျောင်းခန်းထဲဝင်ထိုင်ကာစာသင်ရင်း ခေါင်းလောင်းထိုးလျှင် အိမ်သို့ပြန်ရမြဲသာ။

သို့သော် သည်ကနေ့တော့ အဲ့ဒီလိုမဟုတ်တော့။ တစ်စုံတစ်ယောက်က မိမိကို ကျောင်းတွင် စောင့်နေမည်ဟူသော ခံစားချက်က အမှန်ပင် အားဖြစ်စေ​လေသည်။

"မင်းကလဲ ကြာလိုက်တာကွာ။ ငါ ဒီမှာတော်တော်ညောင်းနေပြီ"

သူလာတာကိုမြင်သည်နှင့်ကျောင်းရှေ့အုတ်ခုံပေါ်မှ ပြေးဆင်းကာ အပြစ်တင်စကားဆိုသော အသစ်ဆက်ဆက် သူငယ်ချင်း ဇံထူး။

"မင်းကလဲကွာ ပိုပြန်ပြီ"

"လာ မုန့်စျေးတန်းအရင်သွားရအောင်"

ငယ်ရွယ်စဉ်ကအစာအာဟာရ မပြည့်ဝသည်ကတစ်ကြောင်း ၊ ကြီးထွားမှုမမှန်ခဲ့သည်ကတစ်ကြောင်း ရွယ်တူတန်းတူများထက် အနည်းငယ်ညှက်သော သူ့ကို ပုခုံးဖက်ရင်းခေါ်သွားလေတော့ မရုန်းသာဘဲ ပါသွားရတော့သည်။

"ငါဝယ်ကျွေးမှာ။ သူငယ်ချင်းဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့"

"အေးပါကွာ။ ဒါပေမဲ့ ဒီတစ်ခါပဲနော်"

"စံလင်း....မင်းကလေ ဖင်ခေါင်းသိပ်ကျယ်တဲ့ကောင်ပဲကွ။ နော်"

နှစ်ဦးသားပြောပြောဆိုဆိုမုန့်စျေးတန်းထဲဝင်ကာ စားစရာများဝယ်မိကြသည်။

"ဘာကြိုက်လဲ။ ဘာစားမလဲ။ အားမနာနဲ့"

"တော်ပြီ။ ချဉ်စပ်ကြော်ပဲစားမယ်"

"ပြီးရော။ ငါလည်း အဲ့ဒါပဲစားတော့မယ်"

"အအေးရော"

"Lactasoy"

ဝယ်စရာရှိသည်များဝယ်ရင်း ခုံတန်းများဘက်ထွက်လာခဲ့ကြသည်။ ကျောင်းတက်ရန်အချိန်ကစောနေသေးသည်မလား။

"ဟေ့ကောင်..... ရေတိုက်ဦး"

တစ်လုပ်နှစ်လုပ်ပင်မရှိသေးသော်လည်း အသည်းအသန်ရေလုသောက်နေရှာသော ဇံထူး။

ချည်တိုင် [ Philophobia ]Hikayelerin yaşadığı yer. Şimdi keşfedin