" စံလင်း မင်းအစောကြီးရောက်နေတာလား"
မနက်ခင်းစောစောတွင် ဂိုက်သင်ပေးနေရသည့်ကလေးက အတန်းချိန်ဖျက်လိုက်၍ စံလင်းကျောင်းသို့အစောကြီိးရောက်နေမိသည်။ မနက်စောစောဖြစ်သည်မို့ကျောင်းတွင်းမှာတော့ လူရှင်းလို့နေ၏။
"အေး မင်းရော"
ဇံထူးရောက်လိုရောက်ငြားဆက်သွယ်မိသော်လည်း အချည်းနီီးသာ။
"ငါခုမှ နိုးတာ။ ခဏနေထွက်ခဲ့မယ်"
"အေးအေး"
ဖုန်းချလိုက်ပြီးသည်နှင့် အတန်းစသည့်အချိန်ထိ အချိန်ဖြုန်းရန်နေရာကို ရှာဖွေရသည်။ တစ်ရက်စာတွက်ချက်စားသောက်နေရသော သူ့အဖို့ အပိုငွေကုန်မည့် မုန့်ဈေးတန်း ကန်တင်းလည်း မထိုင်လို။ ထို့အတူ စုံတွဲများ ချစ်ကြည်နူးသည့်နေရာတဖြစ်လဲ မိန်းကလေးများ၏ ဓာတ်ပုံရိုက်ရာ စတူဒီယိုဖြစ်သည့် ပန်းခြံတွင်လည်း သူမထိုင်ချင်ပြန်။
ထို့ကြောင့် စာကြည့်တိုက် အသင်းဝင်ကတ်လုပ်ကာ စာအုပ်များငှားဖတ်၍ရသည်ဟု ဆရာမပြောဖူးသည်ကို စဉ်းစားမိ၍ စာကြည့်တိုက်ရှိရာ LRC အဆောင်သို့သာ ခြေဦးလှည့်လိုက်မိတော့သည်။
သုံးထပ်မြောက်တွင်ရှိနေသော စာကြည့်တိုက်သို့ရောက်ရန် လှေကားမှ မောကြီးပန်းကြီးတက်ပြီိးနောက်တွင်တော့ စံလင်းအမောဆို့ရတော့သည်။ စာကြည့်တိုက်က ယခုတိုင်မဖွင့်သေးကိုး။ ချက်ချင်းလည်းပြန်မဆင်းလို၍ ကော်ရစ်တာရှိ စားပွဲခုံဝိုင်းတွင် ထိုင်ရန် ဆုံးဖြတ်လိုက်ရပြန်သည်။ မောရသည့်မနက်ခင်းပါပဲ။
"ဟူး"
လှေကားထစ်များတွင် တစ်ယောက်စနှစ်ယောက်စထိုင်နေသူများမှအပ ရှင်းလင်းလို့နေသည်။ တစ်ချက်တစ်ချက် ကားလမ်းမဆီမှ YBS လိုင်းကားများဖြတ်သွားသည့် အင်ဂျင်သံ ခပါကျယ်ကျယ်ကလွဲ၍ ပကတိ တိတ်ဆိတ်နေ၏။
"ပွမ်"
ဝရံတာမှမြင်နေရသည့် တရွေ့ရွေ့လှုပ်ရှားနေသော တိမ်များကို သူ အကြောင်းမဲ့လိုက်ငေးနေမိသည်။ ဤကဲ့သို့ ကောင်းကင်ကိုငေးရင်း ပြည့်ဖြိုးဟန်နှင့်သူ အချိန်အတော်ကြာ စကားတွေပြောခဲ့ဖူးသည်။ ထ်ုညက မိုးတွေသည်းကြီးမည်းကြီးရွာနေခဲ့သည်ကိုလည်း စံလင်း သဲသဲကွဲကွဲမှတ်မိနေပါသေးသည်။
आप पढ़ रहे हैं
ချည်တိုင် [ Philophobia ]
किशोर उपन्यासNeither love nor be loved........ Art : @CitaminArt❣️