"ပြည့်ဖြိုး မင်း ဘာလုပ်မှာလဲ"
အချင်းချင်းနားလည်မှုရရှိခဲ့ပြီးနောက် ပင်မအစီအစဉ်အတိုင်း ပြည့်ဖြိုး၏ မွေးနေ့ပွဲလုပ်ရန် စီစဉ်နေကြခြင်းဖြစ်သည်။ သည်ကနေ့တော့ သူတို့နှစ်ဦးစလုံး ကျောင်းတက်ဖြစ်ကြတော့မည်မဟုတ်ပါ။
" အိမ်မှာပဲလုပ်မယ်။ ငါအပြင်မသွားချင်တော့ဘူး"
"အေး အေး။ နေဦး။ ငါ မင်းကို တစ်ခုခုလုပ်ပေးရမယ်။ ဘာစားချင်လဲ"
အိမ်ပြန်ရောက်ပြီဆိုသည်နှင့် ရေမိုးချိုး အဝတ်အစားလဲကာ ပြည့်ဖြိုးမွေးနေ့အတွက်ဟုဆိုကာသူစီစဉ်နေမိသည်မှာ မွေးနေ့ရှင်မှားလောက်သည်ထိ။
" မင်း မျက်နှာထားကြီး နည်းနည်းလျှော့ပါလား။ တစ်ချိန်လုံး သုန်မှုန်နေတာ။ မသိရင် ငါကပဲ မင်းကို ဖမ်းပြီး အတင်း မွေးနေ့လုပ်ပေးနေရသလိုနဲ့"
စံလင်းစကားကြောင့် ပြည့်ဖြိုးဟန်က မျက်မှောင်ကုတ်၏။ အတော်အတန်ထူထဲလှသည့် မျက်ခုံးနှစ်ဖက်ပေမို့ အနည်းငယ်မျက်မှောင်ကြုတ်လိုက်လျှင်ပင် သိသိသာသာ မူလရုပ်ပြောင်းသွားတတ်သည်။
"တီတီ"
စားပွဲပေါ်ရှိဖုန်းလေး၏ တုန်ခါမှုကြောင့် နှစ်ဦးစလုံးဖုန်းဆီအကြည့်ရောက်မိကြတော့ ပြည့်ဖြိုးမျက်နှာ ကွက်ခနဲ။
"အေး လင်းသန့်"
"ဟမ်"
"အေးကွာ။ လာခဲ့မယ်။ ခဏတော့စောင့်"
လင်းသန့်ဉ်ီးဆီမှ ဖုန်းရသဖြင့် မသွားလို့လည်းမဖြစ်သည်မို့ သူ ပြည့်ဖြိုးကို အားနာနေမိသည်။
"ဘာကိစ္စတဲ့လဲ"
"ပြောပြစရာတွေရှိတယ်တဲ့"
"သွားမှာလား"
စံလင်းတစ်ချက်စဉ်းစားနေရသည်။ ကိစ္စအားလုံး၏ အရင်းအမြစ်သည် လင်းသန့်ဦးဖြစ်သည်ဟု တွက်ဆထားသည်မို့ လာမည့်ဘေး ပြေးတွေ့ရန်သာ ရှိသည်။ ဤအခြေအနေကို ရှောင်ပြေးနေ၍လည်းမဖြစ်ပြန်သည်မလား။
ထို့အတူ တစ်ဖက်ဖုန်းဆီမှ လင်းသန့်ဦး၏ အခြေအနေကို သူအကဲခတ်မိသလောက် အမှန်ပင် အရေးကြီးနေသည်မှာလည်း ပေါ်လွင်နေပြန်တော့။
ВЫ ЧИТАЕТЕ
ချည်တိုင် [ Philophobia ]
Подростковая литератураNeither love nor be loved........ Art : @CitaminArt❣️