မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော်ဖြစ်သည့် မန္တလေးမြို့ကြီးသည် ရိုးရာအမွေအနှစ်တို့ဖြင့် အစဉ်အလာမပျက် ခမ်းနားထည်ဝါလျှက်တည်ရှိနေသည်။
မြို့တွင်းလမ်းမကြီးများကိုဖြတ်ကျော်လာလျှင်တော့ လမ်းကျဉ်းလေးအတွင်း နီညိုရောင် အုတ်ကြွပ်တို့ဖြင့် အလှဆင်ထားသည့် နှစ်ဆင့်အိမ်ကလေးသည် ခြံဝန်းလေးအတွင်း ချစ်စဖွယ်တည်ရှိလို့နေသည်။ တြိဂံပုံခေါင်မိုးနီနီ၊ ချွန်ချွန်ကလေးအောက်တွင် ထပ်ခိုးကလေး၏ တစ်ခုတည်းသော ပြတင်းပေါက်ဝိုင်းကလေး။
"အဆင့်တစ် ရအောင်လုပ်လို့ မင်းကို မေမေပြောတယ်နော်"
လက်ထဲတွင် ရီပို့ကတ်ကိုကိုင်ရင်း မကျေမချမ်းဖြစ်နေသည့် ဒေါ်ယဉ်မင်းဟန်။ ကောင်လေးကတော့ ခေါင်းကို တွင်တွင်ငုံ့ထားဆဲ။
"ပြည့်ဖြိုး အမေတို့က အပြိုင်အဆိုင်တအားများတယ်။ မင်းမသိတာလည်း မဟုတ်ဘူး။ ခု ပထမရသွားတာက အမေ့ဆေးရုံက လက်ထောက်ရဲ့သား။ မင်း လုပ်ပုံကောင်းသလား။ မင်းကြောင့် အမေ အရှက်ကွဲရပြီ"
အလယ်တန်းကျောင်းစတက်ပါပြီဆိုသော ခြောက်တန်း တစ်နည်းအားဖြင့် တစ်ဆယ့်နှစ်နှစ်အရွယ် သားဖြစ်သူကို ဆူပူနေသည့် စကားတို့က ဤမျှ ရင့်သီးလွန်းသည်။
"မင်း ဆရာဝန်ဖြစ်ဖို့ ခုထဲက ခေါင်းထဲထည့်ထား။ ခုကြည့်။ အင်္ဂလိပ်စာမှာ အမှတ်က ကွာသွားတာ။ မင်းမရှက်ဘူးလား"
ကာယကံရှင်ဖြစ်သူ ကလေးက စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဆရာဝန်ဖြစ်ရမည်၊ အင်ဂျင်နီယာဖြစ်ရမည်ဆိုသော အပေါစားလော့ဂျစ်က မြန်မာနိုင်ငံ၏ မိဘတိုင်းဆီတွင်ရှိကြသည်။ ဤသည်မှာလည်း ခေတ်အဆက်ဆက်အာဏာရှင်များ၏ အသုံးမဝင်သော ပညာရေးစနစ်ကြောင့်ကလွဲလို့ ဘာများဖြစ်နိုင်ဦးမည်နည်း။
"ကလေးကို အဲ့ဒီလောက်မပြောပါနဲ့။ နှစ်မှတ်တည်းကွာတာ ဘာဖြစ်သွားမှာမလို့လဲ။ ဆယ်တန်းကျတဲ့အတိုင်းဆူနေတာက"
ဖခင်ဖြစ်သူ၏ ဖေးဖေးမမစကားကြောင့် ကောင်လေးက ဖခင်ရှိရာကပ်သွားသည်။
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️