" ပြည့်ဖြိုး"
တနင်္ဂနွေနေ့ဖြစ်သည်မို့ နှစ်ဦးစလုံး သွားလာမှုမရှိပါဘဲ အိမ်တွင်သာ နေဖြစ်ကြသည်။ ဘာလိုလိုနှင့် သူတို့ပင် ကျောင်းပြန်ဖွင့်လျှင် ဒုတိယနှစ်ကျောင်းသားကြီးများဖြစ်တော့မည်။
"ပြော"
တာဝန်အရ ညနေပိုင်းတွင် အလုပ်ဆင်းရမည် ဆိုသော်လည်း တစ်မနက်ခင်းလုံး အားလပ်နေမည်မို့ စံလင်း စကားစမိခြင်းဆိုလည်း မမှားလှ။
" ငါ မင်းကို တိုင်ပင်ချင်လို့"
သူ့စကားကြောင့် ပြည့်ဖြိုးက မကျေမနပ် မျက်ခုံးပင့်ကြည့်လာသည်။ မျက်လုံးချင်းဆုံမိတော့ အလိုမကျမှုကို သိသာစေရန် မျက်ခုံးနှစ်ဖက်ကို ထိလုမတတ် တွန့်ကွေးပစ်လိုက်ပြန်သော အနှီကောင်လေး။
"ရမလား"
" ဆွမ်းတော် ကြွလာပါပြီခင်ဗျ"
တနင်္ဂနွေနေ့၏ မနက်ခင်း ကိုးနာရီအချိန်တွင် ကြွလေ့ရှိသည့် တန်းဆွမ်းက အချိန်မှန်စွာ။ အိမ်နီးနားချင်းများဆီမှ ဝရုန်းသုန်းကား အိုးဆွဲ ခွက်ဆွဲသံတို့သည်လည်း သီတင်းပတ်တိုင်းကြားနေရသည့်အတိုင်း မရိုးရစွာ ဂလုံ ဂလောင် ဖြင့်ထွက်ပေါ်လာပြန်တော့ စံလင်း အာရုံတို့က လွင့်ပြားသွားရ၏။
" ဘာ အကြောင်းလဲ"
အပြင်ဘက်ဆီငေးနေရာမှ ပြည့်ဖြိုးအသံကြောင့် သတိဝင်လာတော့ ပြည့်ဖြိုးက သူ့ကို ငေးလို့။
"ဟမ် ဪ"
စကားစပြီးကာမှ ပြောသင့် မပြောသင့် ပြန်လည် ချိန်ဆနေရသည့် ကိုယ်တိုင်၏ အဖြစ်။ အမှန်တော့ သူ သည်နေ့ ပြည့်ဖြိုးနှင့်ဇံထူးကို အနည်းငယ်တွေ့ပေးရန် စီစဉ်ထား၍ဖြစ်သည်။
"မပြောချင်လည်း နေတော့"
ထိုလူသားကလေးသည် ဤမျှ စိတ်မရှည်တတ်သူဖြစ်ကြောင့် သူဘာကြောင့်များ မေ့သွားရသနည်း။
" မင်းကလည်း စိတ်ကြီးပဲ။ ဒီလိုလုပ်ကွာ။ ကော်ဖီသွားသောက်ရအောင်။ ဆိုင်လေးဘာလေးထိုင်ရင်း ပြောတာပေါ့။ ငါတို့လည်း ဘာမှ လုပ်စရာမှမရှိတာ"
VOCÊ ESTÁ LENDO
ချည်တိုင် [ Philophobia ]
Ficção AdolescenteNeither love nor be loved........ Art : @CitaminArt❣️