Uni+Zaw
Uni
အချိန်ကား ည 11 နာရီခန့်။ လမ်းတစ်လျှောက်ရှင်းလင်းနေသော်လည်းModel မြင့်ကားလေးတစ်စီးသည်ပုံမှန်အရှိန်နှုန်းထက်ပင်နှိမ့်သောအရှိန်နှင့ဖြေးညင်းစွာမောင်းနှင်လာသည်။လမ်းဆုံတစ်ခုရောက်သော်မီးပွိုင့်မီးနီ၍ ထိုကားလေးသည်ရပ်တန့်လိုက်သည်။ဘေးဘက်တွင်မည်သည့်ယာဉ်တစ်စီးမျှမရှိနေ။ထို့နောက်ကားမောင်းသူနေရာမှသူသည်ဘေးမှန်နှစ်ဖက်ကိုအောက်ချ လိုက်ပြီး အိတ်ကပ်ထဲမှ မီးခြစ်ကိုထုတ်ကာ နှုတ်ခမ်းတွင်ခဲထားသော စီးကရက်ကို မီးညှိလိုက်သည်။
တစ်ဖွာ နှစ်ဖွာခန့်မျှ ရှိုက်ပြီး နှုတ်ခမ်းမှဆေးလိပ်ကို လက်ချောင်းများကြားညှပ်ကာ လက်ကိုကားဘောင်ပေါ်တွင်တင်လိုက်သည်။ သူ၏မျက်ဝန်းများသည်အလွန်ပင်ပန်းပြီး မျက်ကွင်းများပါညို မဲနေသည်။ သူမအိပ်ရတာ ၃ ရက်လောက်ရှိပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေလာမည်ဖြစ်သဖြင့်သူသည်CEO တစ်ယောက်ဖြစ်သည့်အလျောက်သူ့ Company တွင်ရင်းနှီးမြှုပ်နှံမှု ရရန်အစွမ်းကုန်ကြိုးစားအားစိုက်ခဲ့သည်။
ဒီအခွင့်အရေးကိုလိုချင်နေသော Companyများ ဝိုင်းဝိုင်းလည်နေသဖြင့်သူအတော်ကြိုးစားခဲ့ရသည်။ သူကြိုးစားခဲ့သည့်အတိုင်း Japan နိုင်ငံမှရင်းနှီးမြှု ပ်နှံသူများသည်အခြားအပြို င်ဆိုင်များရှိသော်လည်း သူ၏ Company ကိုသာရွေးချယ်ခဲ့သည်။ဒီနေ့ညသည်ထိုအောင်မြင်မှုအတွက်ဂုဏ်ပြု ပါတီပွဲ ကျင်းပခြင်းဖြစ်သည်။တစ်နည်း CEO ဖြစ်သောသူ့အား ဂုဏ်ပြုသောပွဲလည်းဖြစ်သည်။
သူ၏ကြိုးစားအားထုတ်ခြင်းကြောင့်Royal Khant Company သည်နိုင်ငံခြားရင်းနှီးမြှု ပ်နှံမှုများဖြင့်ပို၍ပင်အောင်မြင်တော့မည်။အခြားရှယ်ယာရှင်များသည်လည်း သူ့အားချီးကျူးဂုဏ်ပြု ကြသည်။ဂုဏ်ပြုစကားသံများဖြင့်ဝေဆာနေခဲ့သော ထိုparty ပွဲမှသူယခုပြန်လာခြင်းဖြစ်သည်။ သို့သော်သူ၏အောင်မြင်ခြင်းအတွက်ဝမ်းမြောက်ပုံမရ။ ခံစားချက်မရှိသော
မျက်လုံးများဖြင့်ဖွာရှိုက်ထားသောဆေးလိပ်ငွေ့များကိုဖြေးညှင်းစွာ မှုတ်ထုတ်လိုက်သည်။
YOU ARE READING
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်