#unicode
ရှိန်း လင်းထက်ကိုတိုက်ရိုက်ပင်ပြောချပစ်လိုက်တော့ လင်းထက်တောင်အနည်းငယ်အံ့ဩသွားရသည်
ဒီအလုပ်ကိုအရမ်းသဘောကျတဲ့ဆက်ကို ဒီအလုပ်မလုပ်ခိုင်းတော့ဘူးဆိုတော့ လင်းထက်မအံ့ဩပဲ မနေနိုင်
လင်းထက်က ဆက်ကိုတစ်ချက်လှမ်းကြည့်တော့ ဆက်ကမက်တပ်ရပ်ရင်းသာ ခေါင်းငုံ့ထားသည် ဆက်လဲအားနာေနမယ် အလုပ်လဲမထွက်ချင်ဘူးဆိုတာ လင်းထက်သိသည်
"ရှိန်းခန့်ကို အကိုတစ်ခုလောက်ပြောချင်တယ်"
"ပြောပါ"
"ဆက်ကကော အလုပ်ကထွက်ချင်ရဲ့လား ဆက်ကဒီအလုပ်လုပ်ရတာ အရမ်းပျော်တာဆိုတော့အကိုသူ့ဆန္ဒကို မေးကြည့်စေချင်တယ်"
ရှိန်းကဆက်ကို မော့ကြည့်ရင်း
"ဆက် သူမေးတာဖြေလိုက်ပါ"
ရှိန်းစကားအဆုံး ဆက်ခေါင်းမော့လာပြီး လင်းထက်ကို လှမ်းကြည့်လိုက်သည် လင်းထက်လဲပြုံးလျက်သာ မေးလာသည်
"ဆက် ငါ့ညီအလုပ်ကထွက်ချင်ရဲ့လား"
ဆက်ရှိန်းကို တစ်ချက်ပြန်ကြည့်ပြီး လင်းထက်ကိုပြန်ကြည့်ကာ ဖြေလာသည်
"ထွက်ချင်တယ် အကိုလင်းထက်"
လင်းထက်မျက်နှာအနည်းငယ်ပျက်သွားပေမယ့်လဲ ချက်ချင်းပြန်ပြုံးကာ
"ကောင်းပါပြီ ဆက်လေးထွက်ချင်ရင် အကိုမတားပါဘူး ဆက်တစ်ခုခုလိုတာရှိရင်လဲ အကို့ကိုဆက်သွယ်လိုက်ပေါ့နော် အခုတော့အကိုသွားလိုက်အုံးမယ်"
"ကျွန်တော်လိုက်ပို့ပေးမယ် အကိုလင်းထက်"
"အင်း"
လင်းထက်ခေါင်းငြိမ့်ပြတော့ ဆက်လဲအနောက်မှလိုက်ပို့လေသည် ရှိန်းကတော့ ဆက်ကိုအလိုမကျသည့်အကြည့်တို့ဖြင့်သာ လှမ်းကြည့်နေလေသည်
........
"အကိုလင်းထက် ကျွန်တော်တောင်းပန်ပါတယ်နော်"
"မတောင်းပန်ပါနဲ့ ဆက်ရာ အကိုနားလည်ပါတယ်"
"အကို့ကို ကျွန်တော်အားနာတယ်"
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်