#unicode
"မောင် အာကာအဆင်ရောပြေရဲ့လား? သူဆက်ကြောင့်နဲ့ထိခိုက်မိရတာ"
"အာကာအဆင်ပြေပါတယ် ပြီးတော့ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့ကွာ ဒါဆက်ကြောင့်မှမဟုတ်ဘဲ မနက်ကိုမောင်အသိဆရာဝန်ကိုလှမ်းခေါ်ထားတယ် မနက်ကျရင်ဆရာကသေချာလာစစ်ပေးလိမ့်မယ် အဲ့ဒါကြောင့်အရမ်းစိတ်မပူနဲ့တော့နော်"
"ဒါပေမယ့်လဲသူသာဆက်ကိုမကာပေးရင် အခုလောက် ထိမှာမဟုတ်ဘူးလေ"
"ကိုယ့်ကိုကိုယ်အပြစ်ရှိသလိုမခံစားနေပါနဲ့ကွာ အာကာ့ကိုမောင်သေချာဂရုစိုက်ပေးလိုက်မှာမို့ ဆက်လဲစိတ်ချလက်ချသာအိပ်တော့နော် စိတ်မပူနဲ့တော့"
ဆက် ရှိန်းရင်ခွင်ထဲတိုးဝင်လိုက်တော့သည် သူကြောက်နေခဲ့သလိုသူ့ကိုယ်သူအပြစ်တင်စိတ်က နည်းနည်းလေးတောင်လျော့မသွားခဲ့
အရှေ့ကကားပိတ်ရပ်လိုက်တဲ့အချိန် သူ့ဘဝကြီးပြီးပြီထင်ခဲ့တာ အာကာသာလက်နဲ့မဖိပေးထားခဲ့ရင် အခုချိန်ဆက်ဘဝကမတွေးရဲစရာပဲ ပြီးတော့အာကာလေးက ဆက်ကြောင့်ပဲ မောင်ထိုးတာခံလိုက်ရသေးတော့ ကိုယ့်ကိုကိုယ်ပဲအပြစ်ထပ်တင်မိတော့တာပေါ့ မောင်စိတ်ပူတယ်ဆိုတာသိပါတယ် ဆက်ကိုယ်တိုင်လဲကြောက်နေခဲ့တာ အရာရာပြီးဆုံးသွားမှာကိုပေါ့.....
အဲ့လူတွေကဘယ်သူတွေများလဲ ဆက်ကိုသတ်ချင်လောက်အောင်မုန်းနေတဲ့သူ ဘယ်သူရှိနိုင်လဲ?
"ဆက်! အိပ်တော့လေကွာ ဘာတွေတွေးနေပြန်ပြီလဲ?"
"ဘာ ဘာမှမတွေးပါဘူး မောင် ဆက်အိပ်တော့မှာ"
ရှိန်း ဆက်ကျောပြင်လေးကိုအသာပုတ်ပေးလိုက်ပြီး ချော့မြူလိုက်တော့သည်
ယဉ်တိုက်မှုကြောင့် ပင်ပန်းထားတဲ့ဆက်က ကြာကြာသိပ်ေနစရာမလို ခဏလေးနဲ့အိပ်ပျော်သွားလေသည် ရှိန်း ဆက်ရဲ့နှဖူးပြင်ကိုခပ်ဖွဖွနမ်းပြီး အခန်းထဲကထွက်လာခဲ့လိုက်သည်
အောက်ထပ်ကိုဆင်းပြီး အာကာ့အခန်းဆီလျှောက်သွားလိုက်သည် အခန်းတံခါးကိုအသာခေါက်လိုက်တော့ မြတ်သူတံခါးဖွင့်ပေးလာသည်
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်