6🖤

1.5K 56 2
                                    

#unicode

"မောင် ဆက်မောင့်ကိုပြောဖို့ပါပဲ ဆက် ဆက်မပြောလိုက်ရလို့ပါမောင်ရယ် ဆက်တောင်းပန်ပါတယ် ဆက်ဖုန်းဆက်ဖို့လုပ်တော့လဲ မောင့်ဖုန်းနံပါတ်ကဆက်ဆီမှာ မရှိတာနဲ့ ဆက်မဆက်လိုက်ရတာပါမောင် ဆက်မောင့်ကိုမပြောဖို့လုံးဝမတွေးခဲ့ပါဘူး"

"အဲ့အလုပ်ကထွက်လိုက်တော့"

"မောင်!!!"

<<<<<<<<

နေ့လည်က‌ေဖ‌ေဖတို့အိမ်မှာလဲ‌အချိန်အ‌ေတာ်ကြာ‌ေနပြီး‌ေတာ့မှ ကျွန်တော်သူ့အလုပ်ကိုလိုက်ပို့ပေးခဲ့တယ်

"မောင် ဆက်ကိုလိုက်ပို့ပေးတာကျေးဇူးပါနော်"

"......"

ကားထဲကနေခေါင်းသာငြှိမ့်ပြလိုက်တယ် သူကတော့အပြင်ကနေ လမ်းလေးယမ်းကာ ရယ်ရင်း နှုတ်ဆက်နေတာကို ကျွန်တော်ကားမှန်ကနေမြင်လိုက်တယ်.......

ကျွန်တော်သူ့ကိုလိုက်ပို့ပေးပြီးတော့ အလုပ်ကိုတန်းလာလိုက်တယ် လုပ်စရာရှိတာလုပ်ပြီး ကျွန်တော်ပြန်ရမဲ့အချိန်ကိုပြန်တယ် ကျွန်တော်ကအမြဲ သူ့ထက်အိမ်ကိုစောရောက်တယ်လေ ကျွန်‌ေတာ်အိမ်ရောက်တာနဲ့ ဘာရယ်တော့မဟုတ်ဘူး သူပြန်လာမှာကိုစောင့်နေမိတယ်

အာကာ့ကိုခါတိုင်းလိုပဲသွားကြိုခိုင်းလိုက်တယ် သူအမြဲအလုပ်ဆင်းတဲ့အချိန် 8နာရီလောက်ကျတော့ အာကာကကျွန်တော့ကိုဖုန်းဆက်လာခဲ့တယ်

"ဆရာ အကိုဆက်ရာကဆိုင်မှာမရှိတော့ဘူး"

"ဘာ သူကဘယ်သွားတာမို့လို့လဲ"

"ဆိုင်ပိုင်ရှင်ပြောတာတော့ အလုပ်ဆင်းသွားပြီတဲ့ အမြဲတမ်း စနေနေ့ဆိုအကိုဆက်ရာကစောစောဆင်းနေကျတဲ့"

"ဘာ အာ့ဆိုသူကငါ့ကိုလိမ်ခဲ့တာလား ငါ့ကိုပြောတော့နောက်ကျမယ်ဆို အခုတော့ တောက်!!!!"

ရှိန်းခန့်တောက်ခေါက်လိုက်ရင်း လက်သီးကိုတင်းတင်းဆုပ်ကာ အာကာ့ကိုအမိန့်ပေးလိုက်သည်

"အဲ့အနီးအနားမှာလိုက်ရှာ"

"ဟုတ်"

ကျွန်တော်ဖုန်းချပြီးတာနဲ့ ဦးရန်ဆီဖုန်းဆက်ကာ သူ့ဖုန်းနံပါတ်လှမ်း‌ေတာင်းတယ် ကျွန်တော်အသဲအသန်သူ့ကိုဖုန်းဆက်တော့ သူမကိုင်ဘူး ကျွန်တော်အရမ်းဒေါသထွက်မိတယ် ကျွန်တော့ကိုအလုပ်နောက်ကျမယ်လို့လဲလိမ်တယ် အခုလဲဘာမှအသိမပေးဘဲသူကဘယ်တွေသွားနေရတာလဲ

ချစ်တယ်မောင်🖤Where stories live. Discover now