#unicode
ဆက်ပုံမှန်အလုပ်လုပ်နေခဲ့တာ တစ်ပတ်ပင်ရှိလေပြီ မနက်မိုးလင်းပြီဆိုတာနဲ့ ဆက်နဲ့ရှိန်း အလုပ်သွားဖို့အတူတူပြင်ဆင်ကြသည် တစ်ခါတစ်လေတော့ ရှိန်းကတကူးတကပင် ဆက်ကိုလိုက်ပို့ပြီးမှ သူ့အလုပ်သူပြန်လာတတ်သည် ကျန်တဲ့ရက်တွေကိုတော့ နေပြန်ကောင်းနေပြီဖြစ်တဲ့ အာကာကပဲအမြဲလိုက်ပို့ပေးသည် မြတ်သူကတော့ အာကာနေပြန်ကောင်းတာနဲ့အလုပ်ပြန်ဆင်းတော့သည် မြတ်သူနဲ့ ဆက်ကတော့ အလုပ်မှာအမြဲတွေ့ဖြစ်ကြသည်
ရှိန်းကအမြဲလိုလို ဆက်ကိုသဝန်တိုကာ ထိန်းချုပ်တတ်တာကတော့ လုံးဝပျောက်မသွားခဲ့ ဆက်အလုပ်သွား အလုပ်ပြန်ကို သူပဲစီစဉ်ပေးသည် တစ်ခါတစ်ရံကိုယ်တိုင်ကိုယ်ကျလိုက်ပို့လိုက်ကြိုတဲ့ ရှိန်းကြောင့် ဆက်ပင်မနေတတ်တော့တဲ့အထိပင် ဒါတောင်တစ်ပတ်ပဲရှိသေးလို့ နောက်ရက်တွေဘယ်လိုလာအုံးမလဲကမသိသေးပေ
ဆက်လဲကိုယ်ပိုင်အလုပ်လေးတစ်ခုရှိနေတော့ ပျင်းလဲမပျင်းရသလို စိတ်လဲပေါ့ပါးသွက်လက်နေလေသည် ရှိန်းကသာအိမ်ပြန်ရောက်ပြီဆို ဆက်အပေါ်အပူကပ်ကာ ဂျစ်တိုက်တတ်သည် ကလေးတစ်ယောက်တောင်သူ့လောက်ဆိုးမယ်မထင်
"ထပ်အိပ်လေကွာ မထနဲ့အုံး!"
"နောက်ကျတော့မယ်လေမောင် ထပါတော့"
"မထနဲ့!"
အလုပ်သွားဖို့ကိုအခုထိမထသေးတဲ့မောင် သူမထတာကကိစ္စမရှိဘူး ကိုယ့်ကိုပါမထခိုင်းပဲ သူ့လက်တွေနဲ့ ဖိဖက်ထားလေသည်
"မောင်ရေ အလုပ်နောက်ကျတော့မယ်လို့"
"ဆက်ရာ ဘာလို့အလုပ် အလုပ်ပဲဖြစ်နေရတာလဲ မောင့်မှာဆက်နဲ့အိပ်ချိန်တောင်အပြည့်အဝမရတော့ဘူးလား?"
မျက်လုံးတွေမှိတ်ထားရင်း ဆက်တစ်ကိုယ်လုံးကိုဖက်ရင်းပြောလာသည်
"မောင်ရာ မနက်ဖြန်ဆိုဆက်အိမ်မှာပဲတစ်နေကုန်ရှိနေမှာလေ အဲ့တော့မှ ဆက်အကြာကြီးတူတူအိပ်ပေးမယ်လေနော် အခုတော့ထရအောင်ပါ တော်တော်နောက်ကျနေပြီ"
"ဘာလို့အဲ့လောက်တောင်ပြောရခက်နေတာလဲကွာ မောင်ဖေဖေ့ကိုလှမ်းပြောလိုက်မယ် ဆက်အိပ်"
![](https://img.wattpad.com/cover/247135969-288-k831355.jpg)
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်