35🖤

945 47 9
                                    

#unicode

"မောင်ပြန်လာပြီလား?"

"......."

သာမာန်ရက်တွေထက် သုန်မှုန်နေတဲ့မောင့်ကို ဆက်စိုးရိမ်စိတ်တို့ပိုရသည် မောင်ကကုမ္ပဏီကိုပြန်ဦးစီးရကတည်းက သာမာန်ထက်ပိုပြီး အလုပ်တွေလုပ်တယ် ပြန်ပြင်သင့်တာတွေပြင်နေတယ်ဆိုတာ ဆက်နားလည်ပါတယ် ဒါပေမယ့်လဲ အခုကုမ္ပဏီကနေသားကျနေပြီလေ အစစအရာရာအကုန်အဆင်ပြေနေပြီ ဒါကိုတောင်မောင်က အလုပ်တွေကို နင်းကန်လုပ်နေတုန်းပဲ အခုလဲပြန်လာတာ မောင်ပင်ပန်းနေတယ်ဆိုတာ မောင့်ပုံကြည့်တာနဲ့သိတယ်

ဆိုဖာပေါ်ပစ်လှဲချလိုက်သည့် ရှိန်းနားကို ဆက်လျှောက်သွားလိုက်ကာ ဘေးမှာဝင်ထိုင်လိုက်သည်

"မောင် ပင်ပန်းနေပြီလား အလုပ်လေးလျှော့လုပ်ပါမောင်ရယ် အရေးကြီးတဲ့ကိစ္စလဲရှိမှမရှိဘဲ"

"......"

မျက်ဝန်းတွေမှိတ်ထားတဲ့မောင့်ကိုကြည့်ရင်း ဆက်တကယ်ကိုစိတ်မသက်သာဖြစ်ရသည် မောင်ကအလုပ်နဲ့ပတ်သက်ရင် သရဲဘီလူးစီးနေသလိုပဲ အဲ့လောက်ကြီးထိအားမစိုက်စေချင်တာတော့အမှန်ပဲ လက်အောက်ငယ်သားတွေရှိလဲ သူကပိုပြီးသေသပ်အောင် နောက်ကနေတစ်ခုမကျန်အကုန်ပြန်လုပ်တတ်တာ အဲ့လိုဆိုတော့မောင်ပင်ပန်းတာပေါ့ မောင်ရယ် အဲ့ဒါအပြင်ကို အခုရက်ပိုင်းမောင်က အိမ်ပြန်နောက်ကျတယ် ပြန်လာတိုင်းမိုးချုပ်တယ် မောင့်ရဲ့မောနေတဲ့ပုံစံကိုကြည့်ပြီး မောင်နေရထိုင်ရအဆင်ပြေအောင် မောင့်အပေါ်ဝတ်ကိုချွတ်ပေးဖို့ပဲ ပြင်လိုက်တော့တယ်

ဆက် ရှိန်းကိုယ်ကိုအသာမလိုက်ပြီး အပေါ်ဝတ်ကိုချွတ်ပေးလိုက်သည် ရှိန်းကဆက်ကိုယ်ကိုသာမှီပြီး အမောဖြေနေလေသည်

ကျွန်တော်ပင်ပန်းတာပေါ့ဗျာ နောက်ရက်တွေအတွက် အလုပ်ကိုပိုလုပ်နေရတော့ ပင်ပန်းတာမှ ကိုယ်ကိုတောင်မသယ်ချင်တော့ဘူး သူလေးအင်္ကျီချွတ်ပေးတာကိုလဲ သိပေမယ့် ကိုယ်လက်တွေကိုက တကယ်ကိုမသယ်နိုင်တော့တာ

"မောင်ထမင်းအရင်စားမလား ရေအရင်ချိုးလိုက်မလားဟင်?"

အပေါ်ဝတ်ကိုချွတ်ပေးပြီး မေးလာတဲ့ဆက်

ချစ်တယ်မောင်🖤Where stories live. Discover now