10🖤

1.5K 61 3
                                    

#unicode

"သူ့လက်တွေကို အဲ့မှာချည်လိုက်!!"

အန်တီခိုင်မာရဲ့ အမိန့်အဆုံး လူနှစ်ယောက်ရဲ့ ဖမ်းချုပ်ခြင်းခံလိုက်ရတဲ့ ဆက်ရာ

"အန်တီခိုင်မာ ဘာလုပ်ဖို့လဲ!!"

"နင့်ကိုယ်ပေါ်မှာ ငါ့သားပေးထားတဲ့အမှတ်အသားတွေရှိနေတယ်လေ အဲ့ဒါတွေကို သားငယ်မမြင်အောင် ဖုံးပေးရမှာပေါ့ ပြီးတော့ နင်ကငါ့အမိန့်ကို ဖီဆန်တယ်လေ ငါ့ကိုဆန့်ကျင်တယ် အဲ့အတွက် အပြစ်တော့ပေးရမှာပေါ့"

"အန်တီကအဲ့လောက်ယုတ်မာတာကို ဘာလို့မောင်ကမမြင်နိုင်ရတာလဲ"

"ဟက် သူကငါ့ကိုချစ်တာကို ငယ်ငယ်ထဲက အမေအပေါ်ရူးသွပ်တဲ့ ကလေးတစ်ယောက်ကို လှည့်စားရတာအရမ်းလွယ်ပါတယ် နင်သာငါပြောသလိုလုပ်ပေးရင် နင်ကကောင်းစားနေမှာပါ ဒါပေမယ့် နင်ကငါ့ကိုဆန့်ကျင်တယ် အဲ့ဒါအတွက် နင်ပြန်ခံရမယ်"

ဒေါ်ခိုင်မာရဲ့စကားအဆုံး ဆက်ရာရဲ့လက်တွေကို ချည်နေကြတော့သည်

"နေအုံး သူ့အဝတ်တွေချွတ်လိုက် အဲ့ဒါမှ ဘယ်နေရာကို ရိုက်ပြီး ဖုံးရမလဲသိမှာ"

"ဟုတ်"

"ဒေါ်ခိုင်မာ ခင်များရပ်လိုက် ဆက်ရာကိုထပ်မထိနဲ့"

"ဟားဟား နင်လာကယ်နိုင်ရင်ကယ်လေ ငါ့သားလက်ထဲကပဲ လွတ်အောင်ရုန်းစမ်းပါအုံး"

ရန်ပိုင်ရဲ့ဖမ်းချုပ်တာခံထားရတာကြောင့် မြတ်သူလဲ ဆက်ရာကို ကယ်မရ

"ခင်များမှာ လူစိတ်ရောရှိရဲ့လား ကိုယ့်သားအရွယ်လောက်ရှိတဲ့သူတွေကို ဝိုင်းအနိုင်ကျင့်နေတာ ခင်များ အရှက်မရှိဘူးလား"

"နင့်ပါးစပ်ကိုပိတ်ထား နင့်သူငယ်ချင်းအပေါ်အပြစ်တွေ ထပ်မပုံစေချင်ရင် နင်ပိတ်ထားလိုက်"

"အခု ကျွန်တော်ပြောတာလေ ကျွန်တော့ကိုပဲ အပြစ်တင် ဆက်ရာနဲ့ဘာမှမဆိုင်ဘူး"

"တိတ်စမ်း အစထဲက သူကငါ့သားကောင်ဖြစ်နေတာမို့လို့ပေါ့ စကားတွေရှည်မနေနဲ့တော့ ရိုက်"

ဆက်ရာရဲ့လက်တွေကိုကြိုးဖြင့်အပေါ်ကိုမြှင့်ကာ စုချည်လိုက်ပြီး ဒေါ်ခိုင်မာ့လူနှစ်ယောက်က ကြိမ်သေးသေးလုံးလုံးလေး တစ်ချောင်းစီကိုင်ထားလေသည်

ချစ်တယ်မောင်🖤Where stories live. Discover now