#unicode
"အဲ့ဒါဆိုပြန်လိုက်ပါအုန်းမယ်"
မြတ်သူတစ်ယောက် ရှိန်းကိုနှုတ်ဆက်လိုက်သည်
"အင်း အခုလိုအချိန်ပေးတာကျေးဇူး"
"မဟုတ်တာ ဒါငါ့အလုပ်ပဲလေ ငါအချိန်ပေးနိုင်ရမှာပေါ့"
ရှိန်းသဘောကျမှုတို့ဖြင့်ပြုံးမိသည်
"အားလုံးအခြေတကျပြန်ဖြစ်သွားရင် မင်းကိုငါ့ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းပါရစေ"
မြတ်သူခေါင်းငုံ့ပြလိုက်ရင်းဖြင့်ဖြေးဖြေးမှန်မှန်ပြောလာသည်
"ဦးရှိန်းသာလက်ခံရင် ငါ့ဘက်ကငြင်းစရာမရှိပါဘူး"
"ဟားဟား ဟုတ်ပါပြီ ဒီနေ့အတွက်ပင်ပန်းသွားပြီ အာကာ့ကိုလိုက်ပို့ခိုင်းလိုက်မယ်နော်"
မြတ်သူပြုံးသာပြလိုက်တော့သည်
တစ်မနက်လုံးရှိန်းနှင့်မြတ်သူအစီအစဉ်တွေပြောနေကြရင်း အလုပ်လုပ်နေခဲ့သည် ရှိန်း မြတ်သူအလုပ်လုပ်ပုံတွေးခေါ်ပုံတို့ကို အတော်ကိုသဘောတွေ့နေပြီး နှစ်ဦးကြားဆက်ဆံရေးမှာပိုကောင်းလာလေသည်
"အာကာ!"
ရှိန်းအာကာ့ကိုလှမ်းခေါ်လိုက်သည် အာကာအခန်းထဲကပြေးထွက်လာပြီး ရှိန်းတို့နားအမြန်လာလိုက်သည်
"မြတ်သူကိုလိုက်ပို့လိုက် အဖေ့ကုမ္ပဏီဆီ"
"!!!"
အာကာရှုံ့မဲ့ကာ မြတ်သူအားကြည့်လာသည် သူဒီလူနဲ့နှစ်ယောက်ထဲရှိမနေချင်.... ဒီလူနဲ့သူအတူရှိရရင် သူ့အကြည့်တွေအောက်ပဲသေရမလိုကိုဖြစ်နေရသည်
"ဆရာ သူ့မှာလက်ပါတာပဲလေ သူ့ဟာသူကားမောင်းနိုင်တာပဲကို"
"သူအလုပ်လုပ်ထားရလို့ပင်ပန်းထားတယ်လေကွာ ဘာတွေရစ်ကြောရှည်နေတာလဲ သွားပို့ဆိုသွားပို့လိုက်လေကွာ"
*အဲ့လူ့ဂွစာနဲ့မှမသွားချင်တာ*
စိတ်ထဲ၌ပြောနေခဲ့တဲ့စကားများကိုတော့ အာကာထုတ်မပြောဖြစ်ခဲ့ ခေါင်းငုံ့ကာနှုတ်ခမ်းထော်ရင်းသာ ခေါင်းညိတ်လာသည်
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်