#unicode
မနက်မိုးလင်းတာနဲ့ ဆက်မှာမြန်မြန်ထပြီး မောင့်အတွက်ဆေးပြင်ပေးရတယ် ခေါင်းကိုက်နေရင်လဲ ပျောက်အောင်လို့လေ ညကတော့မောင်က ဆက်ကို ရင်ခွင်ထဲထည့်အိပ်တာပဲ ဒါပေမယ့် မနက်လဲရောက်ရော မောင်ကဆက်ကိုကျောခိုင်းပြီး ခွေခွေလေးအိပ်နေတာ မောင်အိပ်နေရင်လေ ခလေးလေးကျနေတာပဲ သာမာန်အချိန်တွေမျက်နှာကိုတင်းထားတတ်တဲ့ မောင်က အိပ်နေတဲ့အချိန်ဆို အမြဲပြုံးနေသလိုလေး
မောင့်ကိုအကြာကြီးလဲမကြည့်နိုင် တော်ကြာမောင်နိုးလာလို့ ခိုးကြည့်တာမိနေမှာလဲကြောက်ရတယ် အဲ့ဒါကြောင့် အိပ်ရာစောစောထပြီး မောင့်အတွက် ပြင်ဆင်စရာရှိတာပြင်ဆင်ရတယ်လေ
10နာရီတောင်ရှိေနပြီ မောင်တစ်ယောက်မနိုးသေးဘူး သွားနှိုးဖို့ကျလဲ မနှိုးရဲဘူး မောင်မကြိုက်မှာ ဆိုးလို့လေ မနှိုးဖို့လုပ်ထားပေမယ့်လဲ မနှိုးလို့မဖြစ်ပြန်ဘူးလေ မနှိုးလို့စိတ်ဆိုးရင်ရော ဘယ်လိုလုပ်မလဲ
"မောင် မောင့် ထတော့လေ မောင်"
"အာ့ ကျွတ် ကျွတ်"
နားထင်ကိုလက်ထောက်ရင်း ထလာတဲ့မောင်
"မောင် ဒါလေးသောက်လိုက်နော် ခေါင်းမူးပြေသွားအောင်"
မောင့်အရှေ့ကို ခွက်လေးထိုးပေးလိုက်ေတာ့လဲ မောင်ကမငြင်းဘဲ ယူသွားသည်
"မောင်ကလိမ္မာလိုက်တာ"
စိတ်ထဲကအတွေးအတိုင်းပါးစပ်ကထွက်သွားတာကြောင့် ရှက်ရှက်နဲ့ ဆက်ခေါင်းငုံ့သွားသည်
"Sorry မောင် ဆက်ကအဲ့လိုပြောချင်တာမဟုတ်ဘူး မောင်ကမငြင်းဘူး အဲ့ အဲ့လိုပြောချင်တာ မောင်"
ခေါင်းငုံ့ကာ တရစက်ရှင်းပြနေတဲ့ ဆက်ကိုမောင်ကြည့်ရင်း ပြုံးလိုက်သည်
"ဘာတွေရှင်းပြနေတာလဲ လိမ္မာတယ်လို့ပြောတာ မကောင်းတာပြောတာမှမဟုတ်တာ"
"ဒါပေမယ့် အဲ့လိုပြောလိုက်ရင် မောင်ကိုခလေးဆန်သလိုဖြစ်သွားစေမှာဆိုးလို့"
"ဘာမှမဖြစ်ဘူး အဆင်ပြေတယ်"
"မောင် မောင်ရယ်လိုက်တာလားဟင်"
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်