#unicode
"ဆက်ရေ မြန်မြန်လုပ်လေကွာ!"
"အင်းပါ မောင်"
အဖမ်းခံထားရတဲ့ ရန်ပိုင်တစ်ယောက် တရားရင်ဆိုင်ပြီးတော့ ထောင်ဒဏ် စီရင်ချက်ချခံရလေသည် အမှုတွေထပ်ဆင့်ထပ်ဆင့်ကြောင့် ထောင်ဒဏ်သက်တမ်းကတော့ကြာလှသည်
(A/N ဥပဒေအကြောင်းတွေမသိဘူး လျှောက်ရေးလိုက်ပြီ ဟီးဟီး)
ဒါကိုမောင်က ထိုသူအားသွားတွေ့မည်တဲ့လေ မောင်အခုချိန်မှာ အနိုင်ပိုင်းနေတဲ့ မျက်နှာထားဖြင့် ထိုသူအားသွားတွေ့ချင်မည်ဆိုတာကို ဆက်နားလည်ပါသည် ဒါပေမယ့်ဆက်ကိုတော့မခေါ်သွားစေချင်တာအမှန်ပင် ဆက်သူ့ကိုမတွေ့ချင်ဘူးလေ ဆက်သူ့ကိုတွေ့ရင် ရင်ဘတ်ထဲကနာတယ် မောင့်အပေါ်ဆက်ကမဖြူစင်တော့သလို ခံစားလာရတယ် မောင်ကတော့ပြောရှာတယ် ဆက်အပေါ်အမှားလုပ်ခဲ့တဲ့သူကို ထောင်ထဲရောက်နေတာ မြင်စေချင်လို့တဲ့ ဆက်ကတော့မမြင်ချင်ဘူးမောင် တီဗီထဲမှာမြင်ရတာနဲ့တင် လုံလောက်ပြီလေ ဒါပေမယ့်မောင့်ကိုဆက်ပြီး ငြင်းဆန်နေလို့လဲ ဆက်စကားကိုနားမထောင်ဘူးဆိုတာ သိနေတာကြောင့် ဆက်ထပ်ပြီးမပြောချင်တော့ပေ လိုက်ခဲ့ဖို့သာခေါင်းငြှိမ့်လိုက်တော့သည်
လိုက်ခဲ့ဖို့လက်ခံလိုက်ပေမယ့် မသွားချင်တဲ့စိတ်ကြောင့် ဆက်အချိန်ဆွဲနေမိတာအမှန်ပင် မောင်ကစိတ်ရှည်ရှည်စောင့်ရှာပါသည် ဒါပေမယ့်လဲ နဂိုတည်းကစိတ်ဆက်တတ်တဲ့မောင်က ဆက်ကိုဘယ်လောက်ကြာကြာများစောင့်နိုင်မှာတဲ့လဲ နောက်ဆုံးမောင်စိတ်တိုလာတာကိုပဲ ဆက်ရလိုက်တယ်လေ
"ဆက် မောင်စိတ်တိုလာပြီကွာ ဆက်မြန်မြန်လုပ်လေကွာ!"
"ဆက် ပြီးပါပြီမောင်"
နောက်ဆုံးတော့လဲ မောင်ဒီထက်ပိုစိတ်မတိုလာစေဖို့ ဆက်ဒီထက်ပိုပြီး အချိန်မဆွဲချင်တော့ပေ အခန်းထဲကအမြန်ထွက်လာလိုက်သည်
အခန်းအပြင်မှာရပ်နေတဲ့ မောင့်မျက်နှာကိုမြင်လိုက်ရတာနဲ့ မောင်ဘယ်လောက်တောင် စိတ်တိုနေလဲဆိုတာ ဆက်ပြောနိုင်သည်လေ
မောင့်မျက်နှာက မကြည်သာလှ မျက်ခုံးတို့တွန့်ကွေးထားပြီး ဆက်ကိုစိုက်ကြည့်လာသည်မှာ အကြည့်တွေထဲမိုးကြိုးတွေပါလာသလိုပင်
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်