3🖤

1.8K 75 4
                                    

#unicode

ကျွန်တော်ညက နည်းနည်းအားကုန်သွားလို့ထင်တယ် ဒီမနက်ထနေကျအချိန်တောင် မထနိုင်တော့ဘူး မနက်၈နာရီတောင်ထိုးနေပြီ ကျွန်တော်လဲနိုးနိုးချင်း ဘေးနားကသူ့ကိုလှည့်ကြည့်လိုက်တော့ ကျွန်တော့ဘက်ကို မျက်နှာမူရင်း အိပ်နေတဲ့သူ

ကျွန်တော်ညကကိစ္စတွေကို သူ့ကိုပြောဖို့စိတ်ကူးမရှိဘူး ပြောလိုက်ရင် သူရှက်နေမှာလဲဆိုးတယ် ကျွန်တော်တို့ကြားပိုစိမ်းသွားရင် နေရတာအဆင်မပြေဖြစ်နိုင်တယ်လေ

ညကကျွန်တော်ကြမ်းမိသွားတယ် ဒါပေမယ့် ကျွန်တော်သူနဲ့ဆက်ဆံခဲ့ပေမယ့် ကျွန်တော်သူ့ကိုအနမ်းလေးတစ်ခုတောင်မပေးခဲ့ဘူး ပြီးတော့ကျွန်တော် အမှတ်အသားတွေမချန်ခဲ့ဘူး ချန်ခဲ့မိလို့ သူမနက်နိုးရင် အဲ့အရာတွေကိုမြင်ပြီး သတိပြန်ရလာရင် ကျွန်တော်လဲမရှင်းပြချင်ဘူး ဒါပေမယ့် သူဟိုနေရာ‌နာနေရင်တော့ ကျွန်တော်လဲမသိတော့ဘူး 'ဘူး'ခံငြင်းရမှာပဲ

ညကကိစ္စတွေကိုသူမသိအောင် အစအဆုံးကျွန်တော်ရှင်းထားပါတယ် သူ့ကိုလဲသန့်းရှင်းပေး အဝတ်အစားလဲပေးပြီး အိပ်ယာခင်းတွေလဲအကုန်လဲထားတာ သူမသိစေချင်တာကြောင့်.......

ကျွန်တော်ပြန်တွေးမနေတော့ဘဲ ရေချိုးခန်းထဲသာဝင်သွားလိုက်တော့တယ် ပြီးရင် ကျွန်တော့မှာလုပ်စရာရှိ‌ေသးတယ်လေ....

*******

နာကျင်မှုနဲ့အတူနိုးထရလိမ့်မယ်လို့ ဆက်တကယ်မထင်ထားဘူး ပြီးတော့ဘာ့ကြောင့် နာနေရတာလဲ တစ်ကိုယ်လုံးကိုကိုင်ရိုက်ထားသလိုပဲ အဆိုးဆုံးက ဆက်ရဲ့ခါးအောက်ပိုင်းတောက်လျှောက်ပဲ သေအောင်နာတယ် ဆက်မထနိုင်ဘူး လှဲပဲလှဲနေမိတယ် မျက်လုံးကိုဖွင့်ရင်းဘေးကိုကြည့်လိုက်တော့ မောင် မောင်မရှိတော့ဘူး မောင့်ထက်စောစောထရမှာကို အခုတော့ဆက်ဘယ်လိုတောင်အိပ်ပျော်သွားရတာလဲ

ညကကော ညကဆက်ဘာဖြစ်သွားတာလဲ ဆက် ဆက် မောင့်အပေါ် ဘာအမှားတွေလုပ်မိသေးလဲ ဆက်မှတ်မိတာ ဆက်ရေချိုးခန်းထဲဝင်သွားတဲ့အထိပဲ နောက်ပိုင်းတွေဆက်မမှတ်မိဘူး ဘာမှလဲမသိတော့ဘူး

ချစ်တယ်မောင်🖤Where stories live. Discover now