38🖤

886 46 6
                                    

#unicode

"ငါလဲချစ်တယ်လေ ငါလဲမင်းကိုချစ်တယ်လို့ ငါ့ကိုယ်ငါထက်ပိုချစ်တယ် ငါမင်းကိုချစ်တယ်!"

"ဒါပေမယ့်ငါကတော့မချစ်ဘူး ငါမင်းအပေါ်သူငယ်ချင်းတစ်ယောက်ထက်လဲမပိုခဲ့ဘူး ပြီးတော့မင်းအခုလိုလုပ်နေတာကို ငါဘယ်လိုနည်းနဲ့မှသည်းခံမနေနိုင်ဘူး မင်းထွက်သွားလိုက်တော့"

ရှိန်းသည်လဲတကယ်ကိုပြောစရာတို့ပျောက်ကွယ်ရသည် အခုလိုမျိုးဆက်အရှေ့မှာပါ ကောင်းခန့်ဘက်ကဝန်ခံလာတာကို လုံးဝလဲမယုံကြည်နိုင်သလို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲဆိုတာ သူမသိဘူး ဒါကြောင့်ကောင်းခန့်ကိုထွက်သွားခိုင်းဖို့ပဲ သူ့ဘက်ကတက်နိုင်ခဲ့တယ်

"မင်းထွက်သွားတော့!!!"

ရှိန်းရဲ့လေသံမှခက်ထန်လျက် ဒေါသတို့ကိုချုပ်ထိန်းထားရသလို! ရှိန်းကောင်းခန့်ကို ပြင်းထန်စွာပြောလာလေသည်

"မင်းငါနဲ့သူငယ်ချင်းဖြစ်ချင်သေးရင် မင်းထွက်သွား!"

ကောင်းခန့်မှာမျက်ရည်စက်တို့ဖြင့် ရှိန်းအားမယုံကြည်နိုင်စွာကြည့်လာလေသည် မင်းသန့်နှင့်ဆက်သည်လဲအနည်းငယ်အံ့ဩသွားရသလို

"မောင်...."

ဆက်တိုးဖွဖွဖြင့်ရှိန်းအားခေါ်ကာ ရှိန်းလက်ကိုအသာလှမ်းဆွဲလိုက်သည် ဆက်မျက်ဝန်းများသည်လဲ လေးပင်လျက် စိတ်တွေလဲလေးနေရသလို သူ့ကြောင့်နဲ့အခုလိုတွေဖြစ်‌နေရတာကိုလဲ တကယ်စိတ်မကောင်းဖြစ်နေရသည်

"ရှိန်း! မင်း မင်းဘာလို့များလဲ ငါ့ကိုဘာလို့အခုလိုလုပ်ရက်ရတာလဲ"

"......"

"ငါ....ငါ....ဘယ်လိုအမှားကြီးတွေများလုပ်ခဲ့မိလို့လဲ?"

"ကောင်းခန့် ငါတို့သွားရအောင်ကွာ အရင်အိမ်ပြန်ကြရအောင်"

မင်းသန့်လဲကောင်းခန့်ကိုသာ‌အိမ်ပြန်ခေါ်ဖို့တွေးလိုက်တော့သည်

"ရှိန်း! မင်းငါ့အပေါ်နည်းနည်းလေးတောင်..."

"ငါမင်းအပေါ်ဘာစိတ်မှမရှိဘူး မင်းထွက်သွားလိုက်တော့ မင်းသန့်မင်းသူ့ကိုခေါ်သွားလိုက်တော့"

ချစ်တယ်မောင်🖤Where stories live. Discover now