#unicode
"မောင် နိုးပြီလား?"
မျက်ခုံးတို့ကိုတွန့်ချိုးရင်း ဆက်လက်ကို အားပြုကိုင်ကာ ရှိန်းထထိုင်လိုက်သည် ထထချင်းမို့ခေါင်းကမူးဝေနေတာကြောင့် ခဏထိုင်ကာခေါင်းကိုကိုင်ရင်း မှိန်းနေမိသည်
"မောင်အဆင်ပြေရဲ့လား ခေါင်းကိုက်နေလား?"
"မကိုက်ပါဘူး ဆက် မောင်ခေါင်းနည်းနည်းမူးသွားရုံပဲ အခုအဆင်ပြေသွားပြီ"
ရှိန်း ဆက်လက်ကိုဆွဲကိုင်ပြီး လက်ဖမိုးကိုခပ်ဖွဖွနမ်းရှိုက်လိုက်သည်
"မောင်အကြာကြီးအိပ်ပျော်သွားတာလား?"
"အင်း မောင်တော်တော်လေးအိပ်ပျော်သွားတာ မောင်အိပ်ချင်သေးရင်ဆက်အိပ်လေ"
ဆက်ကအပြုံးလေးနဲ့ပြောလာတော့ ရှိန်းဆက်ပါးလေးကိုလှမ်းနမ်းလိုက်ပြီး ခေါင်းရမ်းလိုက်သည်
"မအိပ်တော့ဘူး မောင်အခုတောင်တော်တော်အိပ်လိုက်တာလေ ဆက်ခြေထောက်တွေနာနေလောက်ရောပေါ့"
"မနာပါဘူးမောင်ရဲ့ မောင်ထပ်အိပ်ချင်သေးရင်အိပ်လေ"
"မောင်မအိပ်တော့ဘူး မောင်ကိုယ်လက်သန့်စင်ချင်တယ် အပေါ်တက်ရအောင်"
"အင်း မောင်"
ဆက် ရှိန်းကိုကူတွဲကာထပ်ရပ်လိုက်သည် ရပ်ရပ်ချင်းဒူးကကွေးညွတ်ကျသွားတာကြောင့် ရှိန်းအသဲအသန်ဖမ်းဆွဲလိုက်ကာ မျက်မှောင်ကြုတ်ရင်းပြောလာသည်
"မနာပါဘူးဆို မောင်အကြာကြီးအိပ်လိုက်မိတာ ဆက်ခြေထောက်တွေထုံနေပြီမဟုတ်လား ထိုင်နေလိုက်အုန်း မောင်နှိပ်ပေးမယ်"
"ရပါတယ်မောင်ရယ် ဆက်နည်းနည်းညောင်းရုံလေးပါ ခဏနေအဆင်ပြေသွားမှာပါ"
ရှိန်းကမျက်မှောင်ကြုတ်ရင်း ဆက်ကိုတစ်ချက်မော့ကြည့်သည် ဆက်ကိုယ်လေးအနည်းငယ်တွန့်သွားပြီး ရှိန်းထိုင်ခိုင်းသလိုထိုင်နေလိုက်တော့သည်
ရှိန်း ဆက်ခြေထောက်ကိုဆွဲကိုင်လိုက်ပြီး ခြေသလုံးသွယ်သွယ်တွေကို နှိပ်နှယ်ပေးနေလိုက်သည်
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်