#unicode
ဆက်ကိုက်ခဲနေတဲ့ခါးအောက်ပိုင်းကြောင့် အနေခက်စွာနိုးထလာရသည် စူးနစ်စွာနာကျင်နေတဲ့ ခါးကြောင့်ထပင်မထနိုင် ခါးပေါ်ကလက်ကြောင့်လဲ နာကျင်ပေမယ့်ပျော်မိသည်
မောင်ကသူ့ကိုချစ်တယ်တဲ့ မောင်ဝန်ခံလာတယ်
ဆက်တွေးလိုက်ရင်း ပြုံးလိုက်မိသည် ဘေးနားကခုံပေါ်ကနေ ဖုန်းကိုလှမ်းယူလိုက်ပြီး အချိန်ကိုကြည့်လိုက်တော့ နေ့လည်သုံးနာရီပင်ဖြစ်နေပြီ လေးနာရီကြာကြာလောက်ကို အိပ်ပျော်သွားတာပဲ
ဆက်ခါးပေါ်ကရှိန်းလက်ကို အသာမလိုက်ပြီး ထမည်အလုပ် ဖိချခံလိုက်ရတာကြောင့် တင်ပါးကစူးအောင့်လာလေသည်
"အ့ မောင်....! နာ နာတယ်"
ရှိန်းကဆက်ကိုယ်လေးကိုသူ့ဘက်ဆွဲလှည့်လိုက်သည် ဆက်နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်ကို ရှိန်းမပွင့်တပွင့်မျက်ဝန်းတို့ဖြင့်ကြည့်ရင်း ဖြေးဖြေးလေးရယ်လာသည်
"ချစ်စရာလေးကွာ"
ရှိန်းဆက်ခါးကိုပိုတင်းတင်းဆွဲဖက်လိုက်ပြီး နှဖူးလေးကို ခပ်ဖွဖွနမ်းလိုက်သည် ဆက်မျက်နှာလေးရဲတတ်လာကာ ပြုံးရင်း ရှိန်းကိုမော့ကြည့်လာသည်
"မောင် နေ့လည်ကဘာမှမစားလိုက်ရဘူး မောင်ဗိုက်ဆာနေမှာပေါ့ ဆက်မောင့်အတွက် သွားချက်ပေးမယ်လေ"
"နေပါအုံးကွာ ဘာလို့သွားဖို့ပဲလုပ်နေတာလဲ ဒီအတိုင်းလေးဖက်ထားပါရစေအုံး ပြီးတော့ အခုနိုးနိုးချင်းတစ်ခါလောက်လုပ်ရအောင်လေ"
"မောင်!!!"
ဆက် ရှိန်းရင်ဘတ်ကို ဆိတ်ဆွဲလိုက်လေသည်
"အ့ ဟ့ နာတယ်လေဗျာ ဆက်ရာ မောင့်ကိုအဲ့လောက်ဆိတ်ရလား"
"ဟွန့် မောင့်ကိုမကျေနပ်ဘူးနော် အိပ်ခန်းထဲရောက်ရင် တစ်ခါဆိုပြီး ငါးခေါက်လောက်ဖြစ်သွားတာကို အခုထပ်လုပ်ချင်သေးတာလား ဒါလေးဆိတ်တာတောင်နဲသေးတယ် မောင့်ကိုတစ်ကိုယ်လုံးကို လိမ်ဆွဲပစ်ချင်နေတာ"
နှုတ်ခမ်းတထော်ထော်နဲ့ပြောလာတဲ့ ဆက်ကို ရှိန်းအသာရယ်လိုက်ရင်း ဆက်ခါးကိုဖက်ထားတဲ့လက်လေးကို ပွတ်သပ်နေလိုက်သည် ဆက်မျက်လုံးတို့ပြူးလာပြီး
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်