7🖤

1.4K 71 8
                                    

#unicode

"ဆက် ဆက် ထတော့ အိပ်ချင်ရင် အိမ်ပေါ်တက်အိပ်လေ ပြီးတော့အလုပ်ရော မသွားရဘူးလား"

မောင့်ဘေးထိုင်နေရင်း ဘယ်အချိန်ကအိပ်ပျော်သွားမှန်းမသိဘူး ‌ဆက်ကိုယ်လေးကိုအသာလှုပ်ကာနှိုးလာတဲ့ မောင့်ကြောင့် မျက်လုံးအသာဖွင့်ကြည့်တော့ ဆက်ကမောင့်ပုခုံးပေါ်မှီထားမိတာ

ဆက်လန့်ပြီး ချက်ချင်းထလိုက်တော့ခေါင်းကရိတ်ခနဲမူးသွားတာမို့ လဲကျခါနီး မောင်ကလှမ်းထိန်းပေးတယ်

"ဘာလို့အမြန်ထလိုက်တာတုန်း လဲကျသွားအုန်းမယ် အိပ်ရေးမဝသေးရင် အခန်းထဲသွားအိပ်လေ"

"အာ....ရတယ်မောင် ဆက် ဆက်မအိပ်တော့ဘူး မောင့်အပေါ်အကြာကြီးအိပ်မိသွာတာလား ဆက်တောင်းပန်ပါတယ် မောင့်လက်မောင်းနာနေမှာပေါ့"

ဆက်နှိပ်ပေးဖို့လုပ်တော့ မောင်ကလက်ကိုကာပြီးတားတယ်

"ရတယ် ငါအဆင်ပြေတယ် မင်းအလုပ်မသွားရဘူးလား"

"ဟို ဒီနေ့ဆိုင်ပိတ်တယ်တဲ့ အကိုလင်းထက်က"

ဆက်ညာလိုက်ပြီ ဟီး‌ မောင်နဲ့နေချင်လို့ တမင်ဖုန်းဆက်ပြီး ခွင့်တောင်းထားတာလေ အဲ့လိုပြောလိုက်လို့အဆင်‌မပြေတော့ အခုလိုလေးပဲညာလိုက်တယ်

"အင်း ပြီးရောလေ လုပ်ချင်တာရှိရင်သွားလုပ်လေ ငါကထိုင်ပဲထိုင်နေခိုင်းတော့ မင်းလဲပျင်းနေမှာပေါ့"

"ဆက်မပျင်းပါဘူးမောင် ဒါနဲ့ မောင်တို့ဘာမှမစားရသေးဘူးမှတ်လား ဆက်သွားပြင်ပေးမယ်လေ"

"အင်း"

"ယောက်ဖရေ မြန်မြန်လုပ်နော် ဗိုက်ဆာနေပြီ"

မင်းသန့်ကလှမ်းစတာကြောင့် ဆက်ရယ်ရင်း ခေါင်းငြှိမ့်ပြလိုက်ပြီး မီးဖိုချောင်ထဲဝင်လာကာ မောင်တို့စားဖို့အတွက်ပြင်ဆင်လိုက်လေသည်

********

"ရှိန်းခန့် မင်းယောကျာ်းကမိုက်တယ်နော် အိမ်မှုကိစ္စလဲ လုပ်တတ်တယ် ရုပ်လေးကလဲမဆိုးဘူး မင်းထက်အသက်ကြီးတယ်ဆိုတာရော ဟုတ်ရဲ့လား မင်းထက်တောင်နုတယ်"

ချစ်တယ်မောင်🖤Where stories live. Discover now