18🖤

1.2K 56 7
                                    

#unicode

"မောင် ဆက်အားလုံးပြင်ပြီးပြီနော် ‌အလုပ်သွားလို့ရပြီ"

သာမာန်ထက်ပိုပြုံးနေတဲ့ဆက်...... ရှိန်းရုတ်တရက် ဆက်လက်ကိုလှမ်းကိုင်လိုက်တော့ နှုတ်ခမ်းလေးကိုက်ကာ ရှက်နေတဲ့ဆက်.....

"ညကကိုယ်မေးတာ ဖြေအုန်းလေ"

"ဟို မောင်ကလဲ အလုပ်နောက်ကျတော့မယ် သွားကြမယ်လေနော်"

ဆက်စကားလမ်းကြောင်းလွှဲနေမိတယ် ဆက်မောင့်ကိုချစ်တယ်လို့ပြောရမှာကို ဆက်အရမ်းရှက်နေတယ် ပြီးတော့ ဆက်ကိုမောင့်ဘက်ကချစ်တယ်လို့ ပြောတာကိုလဲ ကြားချင်သေးတယ်

"ဆက်! မောင့်ကိုစကားလမ်းကြောင်းမလွှဲနဲ့ကွာ မောင်မေးတာ အရင်ဖြေ"

လေသံလေးနည်းနည်းမာမာပြောလိုက်တာနဲ့ ခေါင်းငုံ့သွားတဲ့ဆက်

"ဆက်.... ဆက်မောင့်ကို....."

"ညီလေးရေ ရှိန်းခန့်!"

ရုတ်တရက် အကိုရန်ပိုင့်အသံကြားတာကြောင့် ဆက်လဲပြောလက်စစကားရပ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးတောင့်ဆက်သွားသည် မျက်လုံးထဲ အနိုင်ကျင့်ခံရတာတွေ ပေါ်လာတာကြောင့် မွန်းကျပ်လာရသည်

"ကျစ်*"

ရှိန်းတစ်ယောက် စုတ်သပ်လေသည်

"ဒီအချိန်ကျမှ ဘာလာလုပ်တာလဲကွာ!"

"......"

"ရှိန်းခန့် ငါ့ညီ အကိုလာတယ် တံခါးဖွင့်ပေးပါဦး"

"လာပြီ ခဏလေး!"

"ဆက်...!"

အကို့ကိုလှမ်းပြောပြီး ဆက်ကိုလှမ်းကြည့်လိုက်တော့ ဆက်ကချွေးတွေပြန်ကာ အတွေးလွင့်နေတဲ့ပုံပင်

"ဆက်!! မောင်ခေါ်နေတာ ကြားလား ဆက်"

ဆက်ကိုယ်လေးကို လှုပ်ကာခေါ်လိုက်မှ သတိကပ်ကာ ကြည့်လာတဲ့ ဆက်

"မောင်"

"ဘာဖြစ်တာလဲ နေမကောင်းဘူးလား ချွေးတွေလဲပြန်နေတယ် အဆင်ပြေရဲ့လား ဆက် မောင်တို့ဆေးခန်းသွားကြမလား"

ကျွန်တော်သူ့နှဖူးလေးကို စမ်းကာမေးလိုက်သည်

"ဆက်ဘာမှမဖြစ်ပါဘူး မောင် ဒီအတိုင်းပူလို့ ချွေးထွက်တာပါ မောင်ရာ ဆက်ဘာမှမဖြစ်ပါဘူး"

ချစ်တယ်မောင်🖤Tempat cerita menjadi hidup. Temukan sekarang