5🖤

1.6K 67 5
                                    

#unicode

"အာ မောင်နိုးနေပြီလား မောင်မနက်စာဘာစားတတ်မှန်းမသိလို့ နွားနိုးနဲ့ မုန့်လေးလုပ်ပေးထားတယ်မောင် မောင်ကြိုက်လားဟင်"

"ရတယ် ဘာဖြစ်ဖြစ်"

တကယ်တော့ကျွန်တော်က မနက်စာစားလေ့မရှိဘူး အရင်ကတည်းက အဒေါ်ကြီးတို့ကို မနက်စာမလုပ်ခိုင်းတတ်ဘူးလေ ဒါပေမယ့် အခုသူကပြင်ဆင်ပေးထားတော့ ကျွန်တော်ရတယ်ပဲ ပြောလိုက်ပြီး စားပွဲမှာ ဝင်ထိုင်လိုက်တယ် သူကတော့ဘေးမှာရပ်နေဆဲ ကျွန်တော်လဲကြည့်မနေတော့ဘဲ အစားသာစားနေလိုက်တယ်

"ဟို မောင်.."

"....."

ကျွန်တော်ခေါင်းမော့ကြည့်ကာ မေးငေါ့ပြလိုက်သည်

"ဟို မနေ့ကဆက်တောင်းပန်ပါတယ်"

"......"

"ဆက်တကယ်တောင်းပန်တာပါမောင် ဆက်နောက်အဲ့လိုမပြောတော့ပါဘူးလို့ ကတိပေးပါတယ်မောင် ဆက်ကိုစိတ်မဆိုးပါနဲ့နော်"

လက်အုပ်လေးချီကာပြောလာတဲ့သူကြောင့် ကျွန်တော်စားနေတာကိုရပ်လိုက်တယ် တကယ်ဆိုကျွန်တော်ကသူ့ထက်ငယ်တယ်လေ လက်အုပ်ချီဖို့မသင့်ဘူးလေ

"အဲ့ကိစ္စကိုစိတ်ထဲမထားနဲ့တော့ မေ့လိုက်တော့"

"အာ့ဆို မောင်ဆက်ကိုစိတ်မဆိုးဘူးပေါ့နော်"

"ငါအဲ့လိုကလေးဆန်တဲ့စိတ်ဆိုးတာတွေစိတ်ကောက်တာတွေ မလုပ်တတ်ဘူး"

ကျွန်တော်ကအဲ့လိုပဲ စကားကိုဘယ်တော့မှ ပြေပြေလေးမပြောတတ်ဘူး ဘုနဲ့ဘောက်

သူနှုတ်ခမ်းလေးကိုက်ပြီး မျက်နှာလေးငယ်သွားတာတော့ ကျွန်တော်တွေ့လိုက်တယ် ပုံစံကမသိရင် ကျွန်တော့်ထက်ငယ်တဲ့သူကျနေတာပဲ ကျွန်တော်ကသူ့ထက်3နှစ်သာငယ်တာ ကျွန်တော်ကသူ့ထက် အရပ်လဲမဆိုသလောက်ရှည်တယ် လူကောင်လဲမဆိုသလောက်ကြီးတယ် ပြီးတော့လူကြီးတစ်ယောက်လိုနေတယ် သူကကျကျွန်တော့ရှေ့မှာမို့ပဲလားတော့မသိဘူး ကလေးဆန်ချက်ပဲ အရင်ထဲက ကျွန်တော်နဲ့တွေ့တာနဲ့ ခေါင်းလေးငုံ့ပြီး လက်တွေကိုပွတ်နေတတ်တာသူ့အကျင့် အဲ့အချက်လေးတော့ ကျွန်တော်သတိထားမိတယ် အခုလဲ ကျွန်တော်ပြောတဲ့စကားကို နှုတ်ခမ်းလေးကိုက် ခေါင်းလေးငုံ့ လက်တွေပွတ်နေတဲ့သူ တကယ်ကို ကျွန်တော်ကြည့်ရင်း ရိုက်ပစ်လိုက်ချင်တာ သူ့ရဲ့အဲ့လိုပုံစံကိုမြင်ရင် ကျွန်တော့စိတ်ထဲဘယ်လိုမှန်းကိုမသိတာ.....

ချစ်တယ်မောင်🖤Where stories live. Discover now