#unicode
အလင်းရောင်ဖြဖြလေးလင်းနေတဲ့အခန်းထဲ ကောင်လေးနှစ်ယောက်ရဲ့ အချစ်တွေဖလှယ်နေတဲ့ပုံက တကယ်ကိုမျက်စိကျိန်းစရာ
ကျွန်တော်စိတ်ပျက်ကာ စုတ်သက်မိတယ် ရွံလို့ရယ်တော့မဟုတ်ပါဘူး ကျွန်တော်က gayတစ်ယောက်မဟုတ်တာကြောင့် ဒါပေမယ့်လဲ ကျွန်တော်gayတွေကိုအထင်မသေးဖူးပါဘူး သူတို့မှာလဲလွတ်လပ်ခွင့်ရှိတယ်လေ
အခုဘာလို့ ကျွန်တော်စုတ်သက်မိလဲဆို အခုကျွန်တော်ရင်ဆိုင်ရမဲ့ကိစ္စကြောင့် အမေကကျွန်တော့ကို ယောကျာ်းပေးစားဖို့တဲ့လေ အဲ့ဒါကြောင့် စိတ်ရှုပ်နေမိတာ
ဒါနဲ့ အခုကဘယ်နေရာလဲဆိုတာ ကျွန်တော်မသိဘူးရယ် အခုကျွန်တော်ဘယ်ရောက်နေတာလဲ ကုတင်ပေါ်ကကောင်လေးနှစ်ယောက်ကကော ဘယ်သူတွေလဲ
ရုတ်တရက် ကုတင်ပေါ်ကကောင်လေးနှစ်ယောက်ထဲက အထက်ပုဂ္ဂိုလ်ဖြစ်သူက ချက်ချင်းကြီးရပ်လိုက်ရင်း ကျွန်တော့ကိုလှည့်ကြည့်လာတယ်လေ
"အားးးးး"
^ha ha ha^
ကျွန်တော် မောလို့အသက်ကိုမနည်းရှူလိုက်ရတယ် ဒါဒါ ကျွန်တော်အိမ်မက်မက်နေတာပဲ အိမ်မက်ထဲမှာ လှည့်ကြည့်လာတဲ့သူကကျွန်တော်မှကျွန်တော်စစ်စစ်
လန့်နိုးလာပြီး ဘေးကကုတင်ပေါ်ကရေဘူးကို ယူကာအမောပြေစေဖို့ သောက်လိုက်တယ်
"ကျစ် ဘာအိမ်မက်လဲကွာ ငါ့ကိုရူးအောင်လုပ်နေတာပဲ အမေရာ အမေ အမေ အမေစိတ်ချမ်းသာဖို့လုပ်ပေးရမှာက ကျွန်တော့ကိုအသေသတ်နေသလိုပဲဗျာ"
ကျွန်တော်သက်ပြင်းကိုသာ အသာချရင်း ဆက်လဲမအိပ်နိုင်တော့တာနဲ့ ခြံထဲလမ်းဆင်းလျှောက်နေလိုက်တယ်
လမ်းလျှောက်ရင်း ကျွန်တော့ဘဝကိုတွေးရင်း ကိုယ့်ကိုကိုယ်ပင်သနားမိတယ် ဒါပေမယ့် ကျွန်တော်နဲ့လက်ထပ်ရမဲ့ သူ့ကိုပိုသနားတယ်
**********
လွန်ခဲ့ေသာနှစ်ပတ်ခန့်က
"သားလေးရယ် မသေကောင်းမပျောက်ကောင်းသားရယ် မေမေဖြင့်ကြားကြားချင်းစိတ်ပူလိုက်ရတာ မဖြစ်သေးပါဘူး သားအတွက် ကျွမ်းကျင်တဲ့driverငှားပေးဖို့ သားအဖေကိုပြောရမယ်"
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်