#unicode
"ဆက်ရာ! ဆက်ရာ! ခဏလေး အစ်မကိုလေ ဒီfileလေး မြတ်သူဆီပို့ပေးပါလားနော် ကူညီပါအုံး"
"အာ! ရတယ် အစ်မကျွန်တော်သွားပို့ပေးမယ်"
အစ်မဂျူးဂျူးပေးတဲ့ Fileတွဲလေးယူပြီး မြတ်သူအခန်းဘက်ထွက်လာလိုက်သည်
မြတ်သူအခန်းရောက်တော့လဲ မြတ်သူလဲသူ့အလုပ်တွေနဲ့သူမို့ fileပေးပြီးသာ ပြန်လာခဲ့လိုက်သည်"ဆက်ရာ အလုပ်ခန်းထဲဖုန်းလေးဘာလေးပိတ်ထားစမ်းပါ အခုကနင့်ဖုန်းသံကတစ်ခန်းလုံးဆူညံနေတာပဲ အလုပ်လုပ်ရတာအာရုံကိုမရဘူး"
"အာ...'ဟုတ် ကျွန်တော်ပိတ်ထားပါ့မယ်"
ကျွန်တော်ထွက်သွားတာ အကြာကြီးမဟုတ် ဖုန်းလာခဲ့ရင်တောင် 2callလောက်ပဲဝင်လာနိုင်သည် ဒါကိုအခုလိုကြီးအပြောခံရတော့ နည်းနည်းတော့ခံရခက်သည် တကယ်ဆိုသူနဲ့ကိုယ်ကရာထူးကွာမနေဘူးလေ အဲ့ဒါအပြင်သူ့ကကိုယ့်ထက်ငယ်သေးတယ် သူကဆက်ထက်အရင်အလုပ်ရောက်နေတာတစ်ခုပဲရှိတာ ဒါကိုနိုင်ထက်စီးနင်းသိပ်လုပ်တာပဲ ဆက်ကမောင့်နဲ့သက်ဆိုင်သူဖြစ်နေတာကြောင့်လဲ အမြင်မကြည်တာဖြစ်နိုင်ပါတယ်လေ
"စိမ်း! စကားပြောတာမရိုင်းရဘူး အေးအေးဆေးဆေးပြောလို့ရတာပဲလေ ဆက်ရာကဖုန်းလာမယ်ဆိုတာ ဘယ်လိုကြိုသိနိုင်မှာလဲ"
"အစ်မဂျူးကလဲ စိမ်းကရိုင်းတာမဟုတ်ပါဘူး သူလဲအလိုက်တော့သိသင့်တယ်လေ ဖုန်းသံလေးတိုးသွားရင်တောင်တော်သေးတယ် အခုတော့တစ်ခန်းလုံးနားတွေကိုငြီးနေရောပဲ"
အစ်မဂျူးဂျူးဝင်ပြောပေးလဲ အတောမသတ်တဲ့သူ့စကားတွေကြောင့် ဆက်တကယ်အနေရခက်လာသည် ဆက်အတွက်နဲ့ အခန်းထဲဆူညံသံထွက်လာတော့ ကျန်တဲ့သူတွေကပါ ဆက်ကိုလှမ်းကြည့်လာတော့သည် ဆက်လဲပိုပိုကာရှက်လာတာကြောင့် ကိုယ့်နေရာကိုယ်အမြန်ဝင်ထိုင်လိုက်ပြီး ဖုန်းကိုထုတ်ကြည့်မိသည်
ခေါ်ထားတဲ့သူက မောင်! မောင်ကတော့လေ ဆက်ကိုအခက်တွေ့အောင်ပဲလုပ်နေတော့မှာလားမောင်ရာ!
ဆက်ဖုန်းကို Vibrateလုပ်လိုက်ပြီး အလုပ်ဆက်လုပ်နေလိုက်သည် အလုပ်လုပ်နေရင်း မကြာဘူး တုန်ခါလာတဲ့ဖုန်းကြောင့် ဆက်မျက်နှာပျက်ရပြန်သည် ဆက်ဘေးကစိမ်းကလဲ မျက်လုံးပြူးမျက်ဆံပြူးနဲ့ကြည့်လာတာကြောင့် ဖုန်းကိုင်ဖို့ကိုအဆင်မပြေတော့တာနဲ့ ဖုန်းကိုမှောက်ချလိုက်သည် အနည်းဆုံးတော့မောင်ခေါ်နေတာကိုမမြင်ရတော့ ကိုင်ချင်တဲ့စိတ်နည်းနည်းတော့သက်သာတာပေါ့
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်