#unicode
"အမေ့!!!"
"သား ဘာဖြစ်လို့လဲ"
"အမေ့ သားကို ရှိန်းခန့်မောင် ထပ်ပြီးလာထိုးကြိတ်သွားတယ် အဲ့ကောင်ကိုသားအတွက်တစ်ခုခုပြန်လုပ်ပေးဗျာ အမေကဘယ်တော့မှ အကြံအစည်တွေကို အကောင်အထည်ဖော်မှာလဲလို့"
ငိုမဲ့မဲ့နဲ့ပြောလာတဲ့ ရန်ပိုင့်ကို ဒေါ်ခိုင်မာတစ်ယောက် ဖုန်းထဲမှ ချော့မော့ပြောနေရသည်
"သားရယ် မငိုနဲ့တော့နော် မေမေအဲ့ကောင်ကိုဆုံးမလိုက်မယ် သားအခုအဲ့နေရာမှာ အဆင်မပြေတော့ရင် မေမေတခြားhotelကို ပြောင်းပေးမယ်လေ အဲ့နေရာမှာ ဆက်မနေနဲ့တော့နော်"
"ကျွန်တော်လဲမနေဘူး ဟိုကောင်ကျွန်တော့ကိုဘာပြန်လာလုပ်မလဲဆိုတာ မသိဘူး အခုချိန်သူထိုးကြိတ်တာခံထားရလို့ လူကလှုပ်တောင်မလှုပ်နိုင်ဘူး အမေမြန်မြန်ကျွန်တော့ကို နေရာပြောင်းပေး"
"ကောင်းပြီ ကောင်းပြီနော် သား"
'တီ.....တီ.....တီ'
ရန်ပိုင်ဖုန်းချလိုက်ပြီး ပွင့်ဟနေတဲ့တံခါးကို ငေးနေလိုက်သည်
"မင်းကိုဘဝပျက်အောင်လုပ်ပြမယ်!!!"
...........
ဒေါ်ခိုင်မာတစ်ယောက် သူ့သားဖြင့်ဖုန်းပြောပြီးတည်းက ဂနာမငြိမ်တော့ သူ့သားအတွက် တခြားတစ်နေရာကိုပြောင်းပေးဖို့ အရင်လူလွှတ်လိုက်သည်
"ရှိန်းခန့်မောင်! နင်ငါ့သားကိုထိရဲတယ်ပေါ့လေ"
ဒေါ်ခိုင်မာ ကြိမ်းမောင်းလိုက်ပြီး အပြင်ထွက်လာခဲ့လိုက်သည်
...........
"သား ရှိန်း....!"
အောက်ထပ်ကခေါ်သံကြောင့် ရှိန်းရော ဆက်ပါအခန်းထဲကထွက်လာလိုက်သည် အာကာလဲ သူ့အခန်းထဲမှထွက်လာလိုက်ပြီး ဒေါ်ခိုင်မာ့ကိုမြင်တော့ ခေါင်းငြှိမ့်ကာ နှုတ်ဆက်လိုက်သည်
"သားရေ"
ရှိန်းအမြန်ပြေးလာလိုက်ပြီး သူ့အမေရဲ့မျက်နှာကိုကြည့်ကာ စိုးရိမ်တကြီးမေးလာသည်
"မေမေ ဘာဖြစ်လာတာလဲ နေမကောင်းဘူးလား မျက်နှာကိုချောင်ကျသွားလိုက်တာ မေမေရယ်"
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်