44🖤

818 45 16
                                    

#unicode

"ကောင်းပြီ ငါပြောပြမယ်!"

ရှိန်းနဲ့ မင်းသန့်ဆိုဖာပေါ်ဝင်ထိုင်ကာ နားထောင်ဖို့အသင့်ပြင်လိုက်ကြသည်

"ငါသူနဲ့စ‌တွေ့တာ နှစ်ပတ်လောက်ရှိပြီ ငါအလုပ်ကအပြန်မှာတွေ့တာ သူကမင်းအကြောင်းပြောစရာရှိတယ်ဆိုလို့ ငါလဲလိုက်သွားခဲ့တာ"

ရှိန်းကိုလှမ်းကြည့်ကာပြောလိုက်ပြီးမှ ကောင်းခန့်ခေါင်းပြန်ငုံ့သွားလေသည်

"ငါတို့တွေ့ဖြစ်ပြီး စားသောက်ဆိုင်တစ်ခုကိုသွားခဲ့ကြတယ်"

>>>

"မင်းရှိန်းခန့်မောင်ကိုပိုင်ချင်တာမဟုတ်လား?"

"ငါမပိုင်ချင်ဘူး ငါ့နားကသူ့ကိုပဲမထွက်သွားစေတာ"

"ကိုယ့်ကိုကိုယ်လိမ်မနေစမ်းပါနဲ့!"

"ငါလိမ်နေတာမဟုတ်ဘူး ဘာလဲခင်များအခုလာတာ ကျွန်တော်တို့နှစ်ယောက်ကြား သွေးခွဲချင်နေတာလား အဲ့ဒါဆိုရင်တော့ ကျွန်တော်တို့ပြောစရာဘာမှမရှိတော့ဘူး"

ကောင်းခန့်ထရပ်လိုက်တော့သည် ဒေါ်ခိုင်မာအသဲအသန်ပြောလာတော့သည်

"ရှိန်းခန့်မောင်ကိုမင်းနားရောက်အောင်လုပ်ပေးမလို့ မင်းကမလိုချင်တော့ဘူးလား"

ကောင်းခန့်တွန့်ဆုတ်သွားမိသည် သူရှိန်းကိုအတင်းမလုချင်တာ အမှန်! ဒါကြောင့်လဲ ဆက်ရာကိုအမြင်ကတ်နေရင်တောင် ရှိန်းနဲ့စကားမများအောင်ထိန်းခဲ့တယ် မထိန်းနိုင်တဲ့အချိန်မျိုးဆို ရှိန်းရဲ့ခက်ခက်ထန်ထန် အော်ပြောတာတွေက သူကိုယ်တိုင်ပဲနာကျင်ရတာလေ ရှိန်းကခဏတဖြုတ်ပြီးတာနဲ့ ခေါင်းထဲကထုတ်လိုက်တတ်တဲ့ လူမျိုး ကျွန်တော်ကအဲ့လိုလူမှမဟုတ်ဘဲ ကျွန်တော်ရှိန်းနဲ့ပတ်သက်လာရင် ခံနိုင်ရည်လုံးဝမရှိတဲ့လူတစ်ယောက် ရှိန်းနည်းနည်းအော်လိုက်တာနဲ့ နှလုံးပြန်အောင့်လာတဲ့အထိပဲ

ရှိန်းကိုလဲ ဘယ်တော့မှစိတ်မရှုပ်စေချင်ခဲ့ဘူး ပြီးတော့ ရှိန်းကိုလုယူဖို့တကယ်ကိုမတွေးဖူးဘူး! ဒါပေမယ့်ပိုင်ဆိုင်ချင်လားဆို ပိုင်ဆိုင်ချင်တာပေါ့ မပိုင်ဆိုင်ချင်ဘူးဆိုတာ ကျွန်တော်လိမ်နေတာအသိသာကြီးပဲ ဒါပေမယ့်လုယူဖို့ထိတော့ ဘယ်တုန်းကမှမတွေးခဲ့ဖူးတဲ့ကိစ္စ!

ချစ်တယ်မောင်🖤Dove le storie prendono vita. Scoprilo ora