30🖤

1.1K 59 23
                                    

#unicode

"မောင် အဆင်ပြေသွားပြီလား ခေါင်းကိုက်နေသေးလား"

ဆက် ရှိန်းအားနှိပ်နယ်ပေးရင်း မေးလာသည်

"မောင်အဆင်ပြေပါတယ် နည်းနည်းစိတ်ရှုပ်သွားရုံပါ"

"စိတ်လျှော့လိုက်တော့နော် သူတို့လဲထွက်သွားပြီပဲ စိတ်လျှော့လိုက်တော့နော်"

ရှိန်း ခေါင်းအသာငြိမ့်ပြသည်

"သားရောက်နေပြီပဲ!"

ဦးရှိန်းဆက်အသံကြားတော့ ရှိန်းရောဆက်ပါ ထိုင်နေရာကထကာ နှုတ်ဆက်လိုက်သည်

"ထိုင်ကြ ရတယ်"

ဦးရှိန်းဆက်သည် လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ နက်ခ်တိုင်ကို ဖြေလျှော့လိုက်သည် အတော်လေးစိတ်အိုက်နေပုံ

"အဖေအကုန်ကြားပြီးပြီ မင်းတို့ဦးရန်ကအကုန်ပြောပြပြီးပြီ အခုလိုငါမရှိတုံးဖြစ်သွားမယ်လို့မထင်ထားဘူး"

"သားညံ့တာပါ သားအယုံလွန်ပြီး သတိမထားမိလိုက်တာ ပြီးတော့ အရက်တွေအရမ်းသောက်မိသွားတာကြောင့်ရော"

ရှိန်းလဲပြောရင်း သက်ပြင်းတစ်ချက် ခိုးချလေသည် မျက်မှောင်တို့မှာလဲ သူ့အလိုလိုကြုတ်လာကာ အခဲမကျေဘဲ ထိုအကြောင်းတွေးလိုက်တိုင်း ဒေါသထွက်လာလေသည်

"စိတ်လျှော့သား ဖြစ်ခဲ့တာတွေလဲဖြစ်ပြီးပြီလေ ပြန်ပြောနေလို့ရော ဘာများထူးသွားမှာလဲ ပြီးတော့သားမှားတာမှမဟုတ်ဘဲ သူတို့ကသာ ငါ့သားကိုလှည့်စားသွားကြတာလေ.."

ဦးရှိန်းဆက် သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းချလိုက်သည် မျက်လုံးတို့ကို ခဏမှိတ်ထားလိုက်ပြီးကာမှ ပြောလာသည်

"အခုတော့ သားသူတို့ရဲ့စိတ်ရင်းအမှန်ကို သိသွားပြီပဲ ဘာပဲဖြစ်ဖြစ် အမြတ်တစ်ခုရလိုက်တာပေါ့ကွာ"

ရှိန်းနားမလည်နိုင်စွာ မျက်မှောင်ကြုတ်ရင်း မေးလာသည်

"ဖေဖေ ဘာကိုဆိုလိုတာလဲ?"

"အမြတ်ရသွားတယ်ဆိုတာက သားသူတို့ပုံစံအစစ်အမှန်ကိုသိသွားလို့လေ အနည်းဆုံးတော့ သားသူတို့ကိုဆက်ယုံမနေတော့ဘူးပေါ့"

ချစ်တယ်မောင်🖤Where stories live. Discover now