16🖤

1.3K 56 5
                                    

#unicode

မင်းသန့်တို့နဲ့အဖော်ပြုစကားပြောပေးနေတုန်း မကြာဘူး အာကာရော မောင်ပါပြန်ရောက်လာတယ်

"မောင် အစည်းအဝေးပြီးသွားပြီလား"

"အင်း မောင်ပြီးပြီ"

မောင်ကဆက်ကိုပြောပြီး မင်းသန့်နဲ့ကောင်းခန့်ကိုတစ်ချက်ကြည့်ကာ ဆက်ဘေးဝင်ထိုင်ရင်း

"မင်းတို့ကကော ဘာလာလုပ်တာလဲ ဘယ်တုန်းကရောက်လာတာလဲ"

"ရှိန်း မင်းကကြာလေကြာလေ စိမ်းကားလေကွာ အရင်ကလဲလာနေကျကို ဘာလဲ အကိုဆက်ရာရှိနေလို့ ငါတို့ကိုမလာစေချင်တာလား မင်းယာကျာ်းကိုငါတို့ဘာမှမလုပ်ပါဘူးကွာ"

မင်းသန့်စကားကြောင့် ဆက်ကတော့ရှက်ရှက်နဲ့ဇတ်ပိုးကိုသာ ပွတ်လိုက်မိတယ် မောင်ကတော့ ခပ်တည်တည်သာပြန်ပြောလာတယ်

"ဟုတ်တယ် ဆက်နဲ့မင်းတို့ကောင်တွေကိုလုံးဝမတွေ့စေချင်ဘူး ငါသဝန်တိုတယ်"

မင်းသန့်ကိုပြောပြီး ဆက်ကိုကြည့်ကာ ရယ်ပြတဲ့မောင်

မောင်ရယ်မောင်ကအဲ့စကားကို စနောက်ရင်းလွယ်လွယ်ထွက်တယ်တဲ့လားမောင် မောင်အဲ့လိုမျိုးလေးအတည်ပြောပေးလို့ရမလား မောင်ရယ်

"မောင် ဆက် ဆက်အလုပ်သွားလုပ်အံုးလိုက်မယ်"

ဆက်လဲထိုင်မနေချင်တော့တာနဲ့ထွက်လာလိုက်တယ် ဒီနားမှာဆက်ထိုင်နေရင် ဆက်ပဲနေရခက်နေမှာလေ

ဆက်ထလိုက်ပြီး ထွက်သွားဖို့လုပ်ပေမယ့်လဲ တားဆီးလာတဲ့မောင် ဆက်လက်ကိုလှမ်းဆွဲရင်း

"မလုပ်နဲ့တော့ နားနေ အဲ့အလုပ်တွေ အာကာလုပ်လိမ့်မယ်"

"ဆက်ပဲလုပ်လိုက်ပါ့မယ် မောင်ရယ် အာကာလဲအလုပ်တွေပိပြီး ပင်ပန်းနေမှာပေါ့"

"သူပင်ပန်းတာလေ ဆက်ကိုမပင်ပန်းစေချင်လို့ မလုပ်ခိုင်းတာပေါ့"

"မောင်"

"တော်တော့ မလုပ်နဲ့ဆိုမလုပ်နဲ့"

ဆက်ခေါင်းငုံ့ရင်းသာ ပြန်ထိုင်လိုက်တော့တယ် ဆက်မှ မောင့်ကိုမနိုင်တာ

ချစ်တယ်မောင်🖤Where stories live. Discover now